ရဟန်း မ၀တ်ဖြစ်လို့ ယောဂီ ၀တ်နေတဲ့ သရုပ်ဆောင် နေမင်း


“သင်္ကြန် ကတည်းက ရဟန်းတက်ဖို့ အိမ်ကို ပြောတော့ အမေတို့က သူ့မြေးတွေနဲ့မှ ပေါင်းပြီးတက်ဖို့ ပြောတာနဲ့ ဒီနေ့လို ရက်မှ ၀တ်မယ်ဆိုပြီး ရည်ရွယ်ထားပေမယ့် မ၀တ်ဖြစ်ခဲ့ဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ရဟန်းဝတ်မယ့် ရက်မှ ကချင်ပြည်နယ်မှာ ရိုက်မယ့် “တိမ်ပြာသောနေ့” ရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော် ပါဝင် သရုပ်ဆောင် ရမယ်လို့ အမေက ပြောလာတယ်။ စီစဉ်ပြီးမှ ဖြတ်လို့ မရတော့လို့ ရဟန်းဝတ်ချင်ပေမယ့်လည်း ယောဂီပဲ ၀တ်ဖြစ်ခဲ့ပါတယ်" လို့ သရုပ်ဆောင် နေမင်း မှ Myanmar Celebrity သို့ ပြောပြခဲ့ပါတယ်။


"(၁၀) ပါးသီလတော့ ခံယူပြီး၊ ကိုယ်ရင်ကြီး ပုံစံမျိုးနဲ့ နေရမှာပါ။ ကတုံးတော့ မတုံးဖြစ်လိုက်ဘူး။ ဘာလို့လဲဆိုတော့ ရိုက်ရမယ့် ဇာတ်ကားမှာ ကတုံးနဲ့က အဆင်မပြေလို့ပါ။ ကံက ရဟန်းဝတ်လောက်တဲ့ အထိ ဖုန်းမမြင့် သေးတာလည်းပါမှာပေါ့၊ မင်းသား စဖြစ်ကတည်းကနေ ရဟန်းဝတ်ဖို့ ကြိုးစားလာတာ ကားရိုက်တွေ ရှိနေတာတွေကြောင့် မ၀တ်ဖြစ်ခဲ့ဘူး။ အခု ၀တ်ဖြစ်မယ်ဆိုပြီး သေချာ စီစဉ်ထားတော့လည်း မအောင်မြင်ဘူး။"လို့ နေမင်း က ပြောပါတယ်။


"ကားရိုက်ရက်နဲ့ အလှူရက်နဲ့ ကွက်တိမဖြစ်တာပဲ ကျေးဇူးတင်ရမယ်။ ကွက်တိဆိုရင်တော့ ဘားမှ လုပ်ဖြစ်မှာ မဟုတ်ဘူး။ အခုကျတော့ ယောဂီ ထွက်မယ့်နေ့နဲ့ ရိုက်ရမယ့် နေ့နဲ့က ကွက်တိဖြစ်သွားတဲ့ အခါကျတော့ အဆင်ပြေသွားတယ်။" လို့ ပဲခူးမြို့၊ ရွှေဘုန်းပွင့် မင်္ဂလာပေါ်တော်မူ ကျောင်းတိုက် မှာ ယောကီဝတ်နေတဲ့ သရုပ်ဆောင် နေမင်း က ပြောခဲ့ပါတယ်။








Related Posts

Scroll to top