မိခင်ရဲ့ မေတ္တာကို ပိုနားလည်လာ ပါပြီဆိုတဲ့ သရုပ်ဆောင် မယ်လိုဒီ


ဒီဇိုင်နာ မိုးကုတ် ပေါက်ပေါက် ထုတ်လုပ်ဖြန့်ချီမယ့် “FGM” အမှတ်တံဆိပ် မြန်မာ့ရိုးရာ ချိတ်လုံချည်များအား စတင် မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့တဲ့ အကယ်ဒမီ သရုပ်ဆောင် မယ်လိုဒီ ရဲ့ ပွဲတက်ဖက်ရှင် အလှပုံရိပ်တွေပါ။


"သားလေးမွေးပြီးမှ အနုပညာ အလုပ်တွေပြန်လုပ်ရတာ အရင်ကထက် ပိုပြီးပျော်ပါတယ်။ အရင် လူလွတ်တုန်းကတော့ စိတ်ဖိစီးမှုတွေ များတယ်။ အခု မိသားစုနဲ့ကျတော့ ပြန်ရင် အမောဖြေစရာလေး ရှိတယ်၊ ဘ၀က ပိုပြီး အဓိပ္ပာယ် ရှိတယ်၊ အလုပ်လုပ်ရတာလည်း ပိုပြီး တက်ကြွပါတယ်။ ဒီအချိန်က ကိုယ်ကိုတိုင် မိခင် တစ်ယောက်ဖြစ်သလို ကိုယ့်ရဲ့ မိခင် ရဲ့ မေတ္တာတရားကို ပိုနားလည်တဲ့ အချိန်လို့လည်း ပြောလို့ရပါတယ်။ ဇာတ်ကား ရိုက်ရတာ နေ့၊ ည ရိုက်ရတာ မဟုတ်တော့ သားလေးကို အချိန်ပေးဖြစ်ပါတယ်။ အလုပ်ပြီးလို့ အိမ်ပြန်ရောက်ရင်တော့ သားကို ပြန်ချော့ရတာပေါ့" လို့ သရုပ်ဆောင် မယ်လိုဒီ မှ Myanmar Celebrity သို့ ပြောခဲ့ပါတယ်။


"Shooting မရှိတဲ့ နေ့တွေဆို ပုံမှန် ရေချိုးပေးတာ၊ သူစားချင်တာ ချက်ကျွေးတာ၊ ကစားကွင်း လိုက်ပို့ပေးတာတို့ လုပ်ပေးဖြစ်ပါတယ်။ သားက ကိုယ်ခံအား ကောင်းတယ် ပြောလို့ရမယ်ထင်ပါတယ်။ ခုချိန်ထိတော့ ဘာမှမဖြစ်ဘူး။ ကလေးက ခန္တာကိုယ် ဖွံ့ဖြိုးနေတဲ့ အချိန်ဆိုတော့ တစ်ခုခုဖြစ်သွားရင် သူ့ရဲ့ ဖွံ့ဖြိုးမှုရော၊ ဥာဏ်ရည်ရော နိမ့်ပါးသွားမှာ စိုးရိမ်တော့ သားကို ကျန်မာရေးကတော့ အရမ်း ဂရုစိုက်ပေး ဖြစ်ပါတယ်" လို့ မယ်လိုဒီ က သူမရဲ့ သားလေး သိဒ္ဓိစစ် အကြောင်းကို ပြောခဲ့ပါတယ်။






Myanmar Celebrity Update: Melody and Her Son #Melody #MyanmarCelebrity

Related Posts

Scroll to top