ရင်သွေးယူဖို့ ကြိုးစားပါ့မယ် ၊ သားလေး လိုပါချင်တယ် - မြင့်မြတ်


သရုပ်ဆောင် မြင့်မြတ်က မိသားစုဘ၀လေး ပိုင်ဆိုင်နိုင်အောင် ရင်သွေးယူဖို့ အမြန်ဆုံးရအောင် ကြိုးစားပါ့မယ်၊ သားလေးလိုချင်တယ် လို့ MC သို့ပြောပါတယ်။

 “ကျွန်တော် အမြန်ဆုံး ရအောင်ကြိုးစားပါ့မယ်လို့ ပဲပြောချင်ပါတယ်။ ကျွန်တော်ကတော့ ယောကျားင်္လေး လိုချင်တာပါဗျ ။ သူကတော့ သမီးလေး လိုချင်တာ ။ ဘယ်ဟာရရပါ  ။ ကျွန်တော်တို့ နှစ်သစ်ကူးပြီဆိုတော့ ၊ ဇန်န၀ါရီလ (၅) ရက်နေ့လောက်တော့ ပြန်စပြီး ရိုက်ဖို့ရှိပါတယ်။ စက်မှုအဖွဲ့ ရန်ပုံငွေ ဇာတ်ကားလေး ရိုက်ဖို့ ရှိပါတယ် ”  - မြင့်မြတ်



ရုံတင်တော့မယ့် တောကျီးကန်း (၂) ရုပ်ရှင်ဇာတ်ကား က အရမ်းပင်ပန်းသလို ၊ အားရတဲ့ ဇာတ်ကားတစ်ကားလို့ ပြောပါတယ်။ တောကျီးကန်း (၂) မှာ မြင့်မြတ် နဲ့ ခင်လှိုင် က ရဲတွေလိုက်လို့ ထွက်ပြေးကြရင်း ရွာတစ်ရွာမှာ  ရှောင်ပြေးဇာတ်မြှပ် နေတဲ့ သူတွေ နေရာက သရုပ်ဆောင်ထားတာပါ။ ဒါပေမယ့် ညဘက်တွေရောက်ရင် ကုန်ကားတွေမှာ  ဖောက်ထွင်း တဲ့သူတွေ ဇာတ်ကောင် နေရာပါ ။ 


  

“အဲ့ဇာတ်ကားမှာဆိုရင် ကိုခင်လှိုင် အရမ်းကောင်းပါတယ်။ အမှတ်တရဆိုရင်တော့ ကိုခင်လှိုင် နဲ့ မနက်အစောကြီး ထပြီး ရိုက်တယ်ပေါ့။ နောက်က ကုန်ကားတန်းကို ခုန်သွားတော့ ခေါင်းတေဘာတွေ ပေါက်သွားတာပေါ့ ။ အခက်အခဲတွေလည်း ရှိတယ်။ ကျွန်တော့်နေရာမှာ လူစားထိုးသရုပ်ဆောင်ခဲ့တဲ့ ကိုဇနေ အမြင့်ကနေ အရမ်းအန္တရာယ်များပါတယ် ’’ လို့ သူကပြောခဲ့ပါတယ်။






#MyanmarCelebrity #MyintMyat

Related Posts

Scroll to top