အချစ်ရေး က အပူအပင်မရှိ ၊ ချမ်းမြေ့သာယာပါတယ် - နိုင်းဝမ်း


အနုပညာရှင်ဖြစ်တဲ့ အတွက်ကြောင့် တစ်ခြားစုံတွဲတွေနဲ့ မတူတဲ့ ကွာခြားမှုတွေရှိပေမယ့် အချစ်ရေးကတော့ ချမ်းမြေ့သာယာပြီး အပူအပင်မရှိပါဘူးလို့ အဆိုတော် နိုင်းဝမ်း က MC သို့ ပြောပါတယ်။



“ ကျွန်တော့် အချစ်ရေးက ချမ်းချမ်းမြေ့မြေ့ စိတ်ချမ်းချမ်းသာသာပါပဲ ။ အပူအပင်တွေ ဘာမှ စိတ်ညစ်စရာတွေ ဘာမှမရှိပါဘူး ။ အားလုံး အဆင်ပြေနေပါတယ် ။ အနုပညာရှင်ဖြစ်တဲ့ အတွက်ကြောင့် ကွာခြားတာတွေလည်းရှိပါတယ်။ ဆင်ခြင်ရတာတွေလည်း ရှိပါတယ်။ တစ်ခြား သမီးရည်းစားချစ်သူတွေလို စိတ်ထဲမှာရှိသလို စိတ်လိုလက်ရတော့ လုပ်လို့မရပါဘူး။ ကိုယ့်ပရိသတ်တွေထဲမှာ စံနမူနာထားပြီး နေနေတဲ့သူတွေလည်း ရှိတယ်။  အတွေးမမှားအောင်ပေါ့ ။ သူတို့ကိုယ်လည်း မှန်စေချင်တယ်။ ကိုယ့်ကြောင့်တော့ မပျက်စီးစေချင်ဘူးပေါ့ ။ FaceBook မှာ သမီးရည်းစား ချစ်တယ်ဆိုတာလောက်တော့ ကိစ္စမရှိဘူးပေါ့ ။ အချစ်ကတစ်ကယ်တန်းပြောရရင်တော့. ရိုးရိုးလေးပါ ။ ကြောက်စရာလည်း မကောင်းပါဘူး။ ဟိုနေ့က ဦးကြည် (အကြည်တော်) ရေးထားသလိုပေါ့ ။ အချစ်ကကြောက်စရာမကောင်းပါဘူး ၊ သွားချစ်တဲ့သူကသာ ကြောက်စရာကောင်းတာပါပေါ့။ တစ်ကယ်တော့ လူတစ်ယောက်ကို ချစ်မယ်ဆိုရင် စိတ်ထဲမှာ သန့်သန့်ရှင်းရှင်းနဲ့ချစ်လိုက်ပါ ။ ရဲရဲဝင့်ဝင့်ပေါ့ ။ အသည်းကွဲတော့လည်း ခံပေါ့ ။ ကျွန်တော်ကတော့ အဲ့လိုပဲမှတ်ထားတယ်။ အချိန်တန်ရင်တော့ ကိုယ့်ရဲ့ဘ၀လက်တွဲဖော် သူ့ဘာသာသူရောက်လာမှာပါ ။ ကံနဲ့လည်းဆိုင်တာပေါ့ ။ ကံမကောင်းတဲ့သူကတော့ တစ်သက်လုံး ကံမကောင်းနိုင်ဘူးပေါ့။ တစ်သက်လုံး ကံမကောင်းလာပဲနဲ့ ကောင်းတဲ့အချိန် ရှိလာရင်လည်းဖြစ်လာမှာပါ  ” - နိုင်းဝမ်း
By MyanmarCelebrity







#MyanmarCelebrity #NineOne

Related Posts

Scroll to top