ပြိုင်ပွဲဝင်တွေကို မောင်နှမလိုပဲ ဆက်ဆံတယ် - နီနီခင်ဇော်


သီချင်းဆိုပြိုင်ပွဲတွေမှာ ဒိုင်တစ်ယောက်အနေနဲ့ ပါဝင်တဲ့အခါ ကိုယ်တိုင်လည်း ပြိုင်ပွဲဝင်အနေ နဲ့ တတ်လာရတဲ့အတွက် မောင်နှမတွေလိုပဲ ပြိုင်ပွဲဝင်တွေကို ဆက်ဆံပါတယ် လို့  အဆိုတော် နီနီခင်ဇော် က MC သို့ပြောပါတယ်။


“  ပြိုင်ပွဲတွေမှာဆိုရင် နီနီက ဒိုင်တစ်ယောက် အနေနဲ့ မဟုတ်ပဲနဲ့ Coach တစ်ယောက်အနေနဲ့ ပဲဝင်ရမှပါ။ ကိုယ်က သိထားတာလေးတွေကို ညီအစ်ကိုမောင်နှမတွေကိုလည်း ဝေမျှမယ် ။ တီဗီကြည့်တဲ့ ပရိသတ်တွေကိုလည်း ဗဟုသုတလေး တွေရမယ်ပေါ့နော်။ နီနီကိုယ်တိုင်လည်း ပြိုင်ပွဲဝင်ဖြစ်ခဲ့တဲ့ အတွက်ကြောင့် သူတို့စိတ်တွေ ဘယ်လောက်ထိ လှုပ်ရှားမလဲဆိုတာကို သိတယ် ။ အဲ့လို သူငယ်ချင်းစိတ်နဲ့ပဲ သွားပါမယ် ” - နီနီခင်ဇော်



TheVoice Myanmar သီချင်းဆိုပြိုင်ပွဲမှာ နီနီခင်ဇော် က ဒိုင်တစ်ယောက် အနေနဲ့ ပါဝင်သွားမှာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ၂၀၁၈ခုနှစ် မတ်လ မှာစတင်တော့မှာဖြစ်ပြီး လင်းလင်း ၊ ဟန်ထူးလွင် နဲ့ ရန်ရန်ချမ်း တို့လည်း ဒိုင်အနေနဲ့ ပါဝင်မယ်လို့ သိရပါတယ်။



“  TheVoice  မှာဘာလို့ လုပ်ဖြစ်လဲဆိုရင် နိုင်ငံတကာမှာလည်း အသံကို ဒိုင်တစ်ယောက်အနေနဲ့ မဟုတ်ပဲ Coach တစ်ယောက် အနေနဲ့ သူ့ကိုလည်း Personal Train လည်း လုပ်ပေးရတယ်။ သူ့ရဲ့အသံပိုင်း ၊ Talent ၊ Perfomance ဆိုင်ရာ အတွေ့အကြုံလေးကိုလည်း နီနီ ဝေမျှ ခွင့်ရတယ်။ အဲ့တာကြောင့်လည်း ပါဝင်ဖြစ်တာပါ ။ အရမ်းကို Talent ရှိတဲ့ ကိုကျား ၊ ကိုလင်းလင်း ၊ ကိုရန်ချမ်း နဲ့ တူတူ လေးယောက်ပေါင်းပြီး ပွဲအစမှာ ဆိုရမှာ ။ ဒီပြိုင်ပွဲကတော့အသံကို ဦးစားပေးမှာဖြစ်တဲအတွက်ကြောင့် ဒိုင်တွေကို အံ့သြသွားစေလိမ့်မယ့်.အသံပိုင်ရှင်ကို မျှော်လင့်နေပါတယ် ” လို့ သူမကပြောပါတယ်။






#MyanmarCelebrity #NiNiKhinZaw

Related Posts

Scroll to top