၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား(၃)ကား


၂၀၁၇ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို အခုလာမယ့် မတ်လမှာ ပြုလုပ်တော့မှာပဲဖြစ်ပါတယ် ။ ဒီနှစ် အပြိုင်အဆိုင်ပြင်းထန်မယ့် အကယ်ဒမီစာရင်းဝင် ဇာတ်ကား (၅၃) ကား ပေါ်ထွက်လာပါပြီ  ။ အကယ်ဒမီ ဇာတ်ကား (၅၃)ကားထဲက မှ MyanmarCelebrity ပရိသတ်ကြီးအတွက် ပထမဦးဆုံး ဇာတ်ကား(၃)ကား ရဲ့ ဇာတ် ၀င်ခန်းတွေ ကို အမှတ်တရကြည့်ရှုနိုင်ဖို့  ရွေးချယ်တင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားတွေကတော့ တီတီနှင့်ဒိုးနတ် ၊ ချန်ပီယံလေး နဲ့ ထာဝရအမေ ဇာတ်ကားတွေပဲဖြစ်ပါတယ်။





မြန်မာ-ထိုင်း အနုပညာရှင်များ ပူးပေါင်း ဖန်တီးထားတဲ့ "TT & DONUT" (တီတီ နှင့် ဒိုးနတ်) ရုပ်ရှင်ဇာတ်ကားကို ထိုင်း ဒါရိုက်တာ Adsajun Sattagovit က ရိုက်ကူးပြီး ပြေတီဦး၊ ရွှေသမီး တို့နှင့်အတူ ထိုင်းအလှမယ် Care Chattrika Sittiprom တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက အချစ်ဟာသ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။






ဒါရိုက်တာ စင်ယော်မောင်မောင် ၊ သရုပ်ဆောင် မေသန်းနု နှင့် သားဖြစ်သူ မင်းသန့်မောင်မောင် တို့ (၁၂)နှစ်အကြာမှ အတူတူပြန်လည် ရိုက်ကူးတင်ဆက်တဲ့ "ထာဝရအမေ ဇာတ်ကား" ဇာတ်ကားမှာ သရုပ်ဆောင် နေတိုး၊ မေသန်းနု၊ ၀တ်မှုန်ရွှေရည်၊ ထွန်းကိုကို နှင့် အနုပညာရှင်များက ပါဝင် သရုပ်ဆောင်ထားပါတယ် ။ "ထာဝရ အမေ" ရုပ်ရှင်ဇာတ်ကား က ဆရာကြီး ဒေါက်တာ ဦးခင်မောင်ဝင်းရဲ့ ဖြစ်ရပ်မှန် ဘ၀အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ် ။
By MyanmarCelebrity

Related Posts

Scroll to top