“လင်ကြောက်ရွာ” ရုပ်ရှင်ဇာတ်ကား ရိုက်မယ် - ဒါရိုက်တာ ရာဇ၀င်ကို


 ပြေတီဦး ၊ ခန့်စည်သူ ၊ မြတ်သူကျော် ၊ စိုးမြတ်သူဇာ ၊ ယုသန္တာတင် နဲ့ နန်းမြတ်ဖြိုးသင်း တို့အဓိက ပါဝင်သရုပ်ဆောင်မယ့် “လင်ကြောက်ရွာ” ရုပ်ရှင်ဇာတ်ကားကြီးကို  မေမြို့မှာ ရိုက်ကူးမယ်လို့ ဒါရိုက်တာ ရာဇ၀င်ကို က MC သို့ပြောပါတယ်။



“ ကျွန်တော် မေမြို့ (၂၇)ရက်နေ့မှာ “လင်ကြောက်ရွာ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်မယ်။ “မယားကြောက်ရွာ” ရုပ်ရှင်ဇာတ်ကားကို လှန်တာတော့ မဟုတ်ဘူးပေါ့။ ရှေ့မှာလည်း ဒီဇာတ်ကားကပေါက်ထားတာလေ ။ အခုရိုက်မယ့်ဇာတ်ကား က ထုတ်လုပ်ရေးတိုက်ချင်းလည်း မတူပါဘူး။ ရှေ့မှာက “မယားကြောက်ရွာ”လည်း ရှိနေတော့ “လင်ကြောက်ရွာ” ကို ရိုက်ပေးပါဆိုတော့ ရိုက်ပေးတာပါ ။ ကိုပြေတီဦး ၊ ကိုခန့်စည်သူ ၊ မြတ်သူကျော် ၊ မကြီးစိုးမြတ်သူဇာ ၊ ယုသန္တာတင် နဲ့ နန်းမြတ်ဖြိုးသင်း တို့ပါမှာပါ ။ “မယားကြောက်ရွာ” ကတော့ သာမာန် အိမ်ထောင်ရေးဇာတ်ကားပေါ့ ။ “လင်ကြောက်ရွာ” ကြတော့ သရဲကားဆန်ဆန်ကိုမှ ဟာသဖောက်ထားတာ။ နောက်ကားသည် ရှေ့ကကားထက် ကောင်းရမယ်ဆိုတဲ့ စိတ်နဲ့ဇာတ်ကားတွေကို ရိုက်တယ် ။ တစ်ချို့လစ်ဟင်းသွားတာလည်း ရှိတဲ့အတွက်ကြောင့် တတ်နိုင်သမျှနည်းအောင်တော့ ကြိုးစားနေပါတယ် ။ ရုံတင်စနစ်ကလည်း ရုံရှင် ၊ကားရှင် စိတ်ကြိုက်ဖြစ်နေတာဆိုတော့ အချိန်တန်ရင် ကိုယ့်ဇာတ်ကားတတ်လာမယ်ဆိုတဲ့ စိတ်မျိုးလည်း ထားလို့မရတော့ဘူးပေါ့။ အဲ့တော့ ရုံရှင် ၊ကိုယ် ၊ပရိသတ် ကြိုက်အောင် ရိုက်မယ်ဆိုတဲ့ စိတ်နဲ့ အကောင်းဆုံး ရိုက်ကူးတယ် ” - ဒါရိုက်တာ ရာဇ၀င်ကို




ထုတ်လုပ်ရေးတိုက် တွေက ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းတဲ့အခါ အရင်က ကိုယ်မကြိုက်ပေမယ့် ရိုက်လိုက်ရတဲ့ ဇာတ်ကားတွေရှိခဲ့တယ်လို့  သူကပြောပါတယ် ။ နောက်ပိုင်းမှာ ဇာတ်လမ်းပိုင်း သေချာစိစစ်ပြီး သမာရိုးကျဇာတ်လမ်းတွေ သိပ်မရိုက်ဖြစ်တော့ဘူးလို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဇာတ်ညွှန်းရေးသားသူ တစ်ယောက် အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ မြင်တွေ့ရပေမယ့် ၂၀၁၈ ခုနှစ်မှာ ဒါရိုက်တာတစ်ယောက် အဖြစ် သာ အများဆုံးမြင်ရမယ်လို့ ပြောထားပါတယ်။




#MyanmarCelebrity #YaZaWinKo

Related Posts

Scroll to top