ထာဝရအမေ ရိုက်တော့ အမေ့ကိုသတိရပြီး မျက်ရည်ကျမိတယ် - ၀တ်မှုံရွှေရည်


မိခင်တစ်ယောက်ရဲ့ မေတ္တာကို ပုံဖော်ရိုက်ကူးထားတဲ့ ထာဝရအမေ ဇာတ်ကားကို ရိုက်ကူးတဲ့အချိန်မှာ အမေ့ ကို သတိရပြီး မျက်ရည်ကျမိတယ် လို့ သရုပ်ဆောင် ၀တ်မှုံရွှေရည် က MC သို့ပြောပါတယ်။ 


“ဒီဇာတ်ကား ရိုက်ကူးနေတဲ့ အချိန်မှာ နဲ့ ပြန်ကြည့်တဲ့အချိန်မှာလည်း တစ်မျိုးလေး ခံစားရပါတယ်။ မျက်ရည်တောင် လည်တဲ့ ဇာတ်ဝင်ခန်းတွေလည်း  ရှိပါတယ် ။ ဒီဇာတ်ကို ကြည့်လိုက်တဲ့အချိန်မှာ အခုခေတ်မှာက လုပ်စရာတွေလည်း များသလို၊ အာရုံတွေလည်း များတယ်။ တစ်ချို့ဆိုရင်လည်း စီးပွားရေး အလုပ်တွေလည်း ရှုပ်နေကြတာပေါ့ ။ တစ်ခါတစ်လေကြရင် ကိုယ့်ရဲ့ မိသားစုကို အချိန်ပေးဖို့ မေ့နေတာတွေတောင်ရှိတယ်။ ဂရုမစိုက်မိတာ တောင်ရှိတတ်တယ်။ ဒီဇာတ်ကားလေးက ကိုယ့်မိဘကို အချိန်ပေးဖို့၊ဂရုစိုက်ဖို့ အတွက် လှုံ့ဆော်ပေးလိုက်တာမျိုး၊ သတိပေးလိုက်တာမျိုး ဖြစ်သွားတာပေါ့ ။ အမေက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရဘူး အရေးကြီးဆုံး မိခင်ဆိုတာမျိုး ကိုဖော်ပြသွားတာပေါ့  ” -၀တ်မှုံရွှေရည်


 ဒီဇာတ်ကားကို ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးထားပြီး မေသန်းနု၊ နေတိုး၊ ၀တ်မှုံရွှေရည် တို့ က အဓိကပါဝင်ထားကြတာပါ ။ ဒီဇင်ဘာလ (၈) ရက်နေ့ ကစပြီး ရုံတင်ပြသတော့ မှာဖြစ်ပါတယ်။ ၀တ်မှုံရွှေရည် က ၂၀၁၈ ခုနှစ်မှာ ရိုက်ကူးဖို့ ကမ်းလှမ်းထားတဲ့ ဇာတ်ကားတွေ လည်း ရှိနေပါပြီလို့ ပြောထားပါတယ်။
By MyanmarCelebrity







#MyanmarCelebrity #WuttHmoneShweYi

Related Posts

Scroll to top