သမီးလေးတွေ နဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ရတဲ့ ၂၀၁၇ ကိုပျော်ပါတယ် - ချစ်သုဝေ


သမီးလေးနှစ်ယောက် ကို မိခင်အနေ နဲ့  စောင့်ရှောက်ခွင့်ရတဲ့ ၂၀၁၇ ကို ကျေနပ်မိတယ်၊ ပျော်ရွှင်တယ် လို့ အဆိုတော်၊သရုပ်ဆောင် ချစ်သုဝေ က MC သို့ပြောပါတယ်။



“ ကျေနပ်မှုတော့ အရမ်းရှိတယ် ။ ၂၀၁၇ က မမအတွက် ပျော်ရွှင်ခြင်း ၊ ကံကောင်းခြင်း ယူဆောင်လာတဲ့ နှစ်ပေါ့ ။ မမ သမီးလေးနှစ်ယောက် ကို မိခင်တစ်ယောက် အနေနဲ့ စောင့်ရှောက်ခွင့်ရခဲ့တဲ့နှစ်ပါ ။ မမ မှာ ဘာနဲ့မှ မတူတဲ့ ဆုကျေးဇူးတွေကို ခံစားခဲ့ရတယ်။ ဘာနဲ့မှမတူတဲ့ အတွေ့အကြုံသစ်တွေ အများကြီးရခဲ့တယ်။ မမ အောင်မြင်တာတွေရော ၊ ကျရှုံးတာတွေရော  အများကြီးပဲ ။ ဒါပေမယ့် သမီးလေးနှစ်ယောက်ကို ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ ကလေးလေးတွေ အဖြစ် ပြုစုပျိုးထောင်ခွင့်ရတဲ့အတွက်ကြောင့် ၂၀၁၇ ကို ကျေနပ်မိပါတယ်။ ကျန်တဲ့အရာတွေတော့ မမ မသိဘူး။ ၂၀၁၇ ကတော့ မမအတွက်ထူးခြားတဲ့နှစ်ပဲ  ”  - ချစ်သုဝေ




၂၀၁၈ခုနှစ်မှာတော့ အနုပညာအလုပ်တွေ လုပ်နေတဲ့ ကလေးနှစ်ယောက်  အမေ အဖြစ်နဲ့ပဲ မြင်ရမှာပါလို့ ပြောပါတယ်။ တစ်ကိုယ်တော် အယ်လ်ဘန် ကိုလည်း ၂၀၁၈ ခုနှစ်မှာ ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ “ အခွေလေးကိုလည်း မမ အရမ်းလည်း အားရတယ်။ ကျေနပ်တယ်။ သီချင်းပုံစံလေးကလည်း မမဆိုနေကြ ပုံစံလေးဖြစ်မယ်။ ခေတ်ကာလ အရ EDM တော့မပါဘူး။ မမ ငြိမ့်ငြိမ့်ညောင်းညောင်း ပုံစံလေးတွေတော့ပါမယ်။ Popသီချင်းလေးတွေပါ ။ သီချင်းလေးတွေမှာတော့ ကိုလင်း၊ ကိုဝေလ ၊ ကိုစံပြီး ၊ ကိုနေ၀ါ ပါပါတယ်   ” လို့ သူကပြောပါတယ်။
By MyanmarCelebrity









 #MyanmarCelebrity #ChitThuWai

Related Posts

Scroll to top