သီချင်းအဟောင်းဆိုတဲ့အခါ မူရင်းအဆိုရှင်ကို လေးစားတဲ့စိတ်နဲ့ပဲဆိုတယ် - ဖြူဖြူကျော်သိန်း


သီချင်းအဟောင်းတွေ ပြန်လည်သီဆိုတဲ့အခါ မူရင်းအဆိုရှင်တွေအပေါ်  ရိုသေ၊ လေးစားတန်ဖိုးထားစိတ်နဲ့ပဲ သီဆိုပါတယ်လို့ အဆိုတော်ဖြူဖြူကျော်သိန်း က MC သို့ပြောပါတယ်။


ပထမဦးဆုံး ပြောရမယ်ဆိုရင်  ဖြူဖြူ က သီချင်းအဟောင်းတစ်ပုဒ်ကို ပဲ ဆိုဆို ၊ သီချင်းအသစ်တစ်ပုဒ်ကို ပဲဆိုဆို ပေါ့ ။  Copy ပဲဖြစ်ဖြစ် ၊  OwnTune ပဲဖြစ်ဖြစ် သူ့ရဲ့ဖြစ်တည်မှုကို တန်ဖိုးထားခြင်း တစ်ကယ်လို့ သီချင်းအဟောင်းဆိုခဲ့ မယ်ဆိုရင်လည်း အရင်ဆိုတဲ့သူကို လေးစားခြင်း ၊ အဆိုတော်များအပေါ်မှာ ရိုသေခြင်းဆိုတဲ့ စိတ်နဲ့ ပဲ တန်ဖိုးထားပြီးတော့ အမြဲတမ်းဆိုတယ်။ ကိုယ့်ရဲ့ လုပ်နိုင်တဲ့ အစွမ်းသတ္တိနဲ့  အကောင်းဆုံးဆိုတာကို စိတ်ရှင်းရှင်းနဲ့ ရိုးရိုးသားသားပဲ အကောင်းဆုံးကြိုးစားတယ်။ ဒါကတော့ ဖြူဖြူရဲ့ သီချင်းတစ်ပုဒ်ပေါ်မှာ ထားတဲ့စိတ်ပါ ” - ဖြူဖြူကျော်သိန်း



မူရင်းအဆိုတော် ဖန်တီးသီဆိုထားတဲ့ သီချင်းပြန်လည်သီဆိုတဲ့အခါ  ဝေဖန်ကြသူတွေကိုလည်း နားလည်ပါတယ်လို့ ပြောပါတယ်။


“ ဝေဖန်ကြတဲ့သူတွေကိုလည်း ဖြူဖြူ နားလည်ပါတယ်။ တစ်ချို့ကြတော့လည်း စိတ်ပူကြမှာပေါ့လေ။ စိတ်မပူကြပါနဲ့လို့ ဖြူဖြူုကတော့ ပြောချင်တယ်။ ဖြူဖြူတို့က version  အသစ်လေးတွေ နဲ့  ဆိုလိုက်တယ်ဆိုပေမယ့် အရင်တုန်းက ရှိထားတဲ့ ဂန္တ၀င်အဆိုတော်များ ရဲ့ အသံကို Computer စကားနဲ့ပြောရမယ်ဆိုရင် လုံးဝ Delete လုပ်ပစ်လိုက်တာတော့ မဟုတ်ဘူးလေ ။ အဲ့ Version တွေလည်း အွန်လိုင်းပေါ် ၊ လေလှိုင်းပေါ် မှာလည်း ရှိနေသေးတယ်။  ဂန္တ၀င်သီချင်းကို ပိုနှစ်သက်လည်း အဲ့သီချင်းတွေကို လွတ်လပ်စွာ နားထောင်ခွင့် ရှိနေသေးတယ်။ ဖြူဖြူတို့ရဲ့  Version လေးတွေကိုကြိုက်တယ်ဆိုရင်လည်း ဖြူဖြူတို့ သီချင်းလေး နားထောင်ကြပေါ့ ” လို့သူမကပြောပါတယ်။





 #MyanmarCelebrity #PhyuPhyuKyawThein

Related Posts

Scroll to top