သဘာဝကျတဲ့ဇာတ်ရုပ် ပိုရိုက်လာရတယ် - ထွန်းထွန်း


သဘာဝကျတဲ့ ဇာတ်ရုပ်တွေ ဦးစားပေးပြီး ထုတ်လုပ်ရေးတိုက်တွေက သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာကြတယ်လို့ သရုပ်ဆောင် ထွန်းထွန်း က  MC သို့ပြောပါတယ်။


“ကျွန်တော်ရိုက်မယ့် တိုက်တွေဖြစ်တဲ့ အားမာန် ၊  RSqure ၊ မိုး ၊ PowerKing ရယ်ပေါ့ ။ ဒီလေးတိုက်ကလည်း ကျွန်တော့်ကို အလုပ်တွေချပေးတဲ့အခါမှာ ဖြန့်ချိရေးတိုက်တွေ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်လုပ်နိုင်တာတွေ အများကြီး ပံ့ပိုးပေးတယ်။ အပြင်တိုက်တွေက ရိုက်တဲ့အခါ သဘာဝကျတဲ့ ဇာတ်ရုပ်တွေကို ဦးစားပေးပြီးတော့ ကျွန်တော့်ကို ရွေးချယ်လာကြတယ်။ ကျွန်တော် အလုပ်ပြန်လုပ်တဲ့အချိန်မှာ ကံကောင်းတာပါ။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက တစ်ကယ်ယုံကြည်ပြီး ကျွန်တော့်ကို ကောင်းကောင်းလေး အလုပ်လုပ်ဖို့ ပြန်ပြီး ကမ်းလှမ်းလာကြတယ်။ ကျွန်တော်ကလည်း အလုပ်ကို အချိန်အတိအကျ နဲ့ ပြန်လုပ်တဲ့အတွက်ကြောင့် အခုလိုလုပ်ခွင့်ရတာပါ ။ အများကြီးဆက်ကြိုးစားပါဦးမယ်။ ပရိသတ်တွေ အားကြောင့်အများကြီးပါပါတယ်၊ အဲ့တာကြောင့်ကျေးဇူးတင်ပါတယ်။
” - ထွန်းထွန်း



လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ မူးယစ်ဆေးဝါး ပညာပေးဇာတ်ကားဖြစ်တဲ့ "တန်ဖိုး" ဇာတ်ကားကို ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ “ ဒီဇာတ်ကားကတော့ အက်ရှင် ၊ ဒရမ်မာ ဇာတ်ကားလေးပါ ။ ကျွန်တော် ရဲ့ ကာရိုက်တာက နိုင်နိုင်း တဲ့ ၊ ပေါ့ပြက်ပြက် ကောင်လေးတစ်ယောက်ပေါ့ ။ အဖေ ၊ အမေ မရှိဘူး ။ အစ်မနဲ့နေတယ်။ နည်းနည်းဆိုးတယ် ။ ခပ်ရှုပ်ရှုပ်ကောင်လေးတစ်ယောက်ပေါ့ ။ နောက်လထဲမှာတော့ ဦးမီးပွား နဲ့ ရိုက်ဖို့ရယ် ၊ ကျွန်တော် ထုတ်လုပ်ရေးတိုက်တွေနဲ့ အများကြီး ရိုက်ဖို့ရှိပါတယ်  ” လို့ သူကပြောပါတယ်။
By MyanmarCelebrity




 #MyanmarCelebrity #TunTun

Related Posts

Scroll to top