ဖက်တီးကာရိုက် အကောင်းဆုံး အသုံးချထားတယ် - ဂျိုကာ


ဂယ်ဘဲသရဲနှင့်သူငယ်ရွာ ဇာတ်ကားမှာ ဖက်တီးတစ်ယောက်အနေ နဲ့ သရုပ်ဆောင်ထားတာဖြစ်ပြီး ရလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး အသုံးချထားတယ်လို့ သရုပ်ဆောင်  ဂျိုကာ က MC သို့ပြောပါတယ်။


“ ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်ကတော့ ဖက်တီး ကာရိုက်တာနဲ့ ရတဲ့လုပ်ကွက်လေးကို အကောင်းဆုံးအသုံးချထားပါတယ်။ ကျွန်တော်တို့ ရန်ကုန် သန်လျှင် ဘက်မှာ ဆက်တိုက်ရိုက်ကြတယ်။ အမှတ်တရကတော့ ဆီပုံးမှောက်တာပေါ့ ။ တစ်ကိုယ်လုံးလည်း ပေကျံကုန်တာ ။ ဒါကတော့ အမှတ်တရပါပဲ ။ ဟာသကားလေးလည်း ဖြစ်တယ် ။ အနုပညာရှင်တွေ အကုန်လုံးတတ်တတ်ကြွကြွနဲ့ ပါဝင်ပြီးတော့ အစွမ်းကုန်သရုပ်ဆောင်ထားတဲ့ အတွက်ကြောင့် ပရိသတ်ကျေနပ်မယ့်  ဇာတ်ကားလေးတစ်ကားပါ ”- ဂျိုကာ



 ၂၀၁၇ခုနှစ် က  သူ့အတွက် အကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်လို့ ပြောထားပါတယ်။ “ကျွန်တော်ကတော့ ကျေနပ်တယ်။ ၂၀၁၇ ထဲမှာတော့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်ကြိုက်တဲ့ ထိုင်းဒါရိုက်တာ တစ်ယောက်အနေနဲ့  ပါဝင်ခဲ့ရတယ်။ ကိုရဲလေး ရှိုးပွဲကြီးကိုလည်း ကျင်းပခဲ့ရတယ်။ ကြော်ငြာတွေလည်း ရိုက်ဖြစ်ခဲ့ပါတယ် ။ ၂၀၁၇ ကတော့ ကျွန်တော့်အတွက်ကို တော်တော်လေး လူသိသွားစေတဲ့ အရာလေးတွေ လုပ်ဖြစ်ခဲ့တာပေါ့နော်။ နောက်နှစ်မှာလည်း ရိုက်ကူးရေးတွေလည်း အများကြီး ရှိဦးမယ် ” လို့ သူကပြောပါတယ်။



#MyanmarCelebrity#Joker

Related Posts

Scroll to top