အနုပညာအလုပ်တွေ ပြန်လုပ်နေပါတယ် - ဂန္တ၀င်


ပရိသတ်စိတ်တိုင်းကျအောင် ရုပ်ရှင်ဇာတ်ကားတွေ  အမြဲတမ်း မရိုက်နိုင်ပေမယ့် အနုပညာလှုပ်ရှားမှုတွေတော့ ပြန်လုပ်နေပါပြီလို့ ဂန္တ၀င် က MC သို့ပြောပါတယ်။


“အစ်မ အခု အနုပညာ လှုပ်ရှားမှုတွေလည်း ပြန်လုပ်ပါတယ် ။ ရိုက်ပါတယ်။ ပရိသတ် စိတ်တိုင်းကျလောက်အောင် အမြဲ မရိုက်ဖြစ်တာလေး တစ်ခုတည်းပေါ့။ အဲ့တော့ ပရိသတ်စိတ်တိုင်းကျ ဖြစ်အောင် ဆက်ပြီးတော့ ကြိုးစားသွားမယ်ပေါ့နော် ။ အနုပညာဆိုတာ ပြည့်တယ်မရှိပါဘူး ၊ လိုအပ်ချက်တွေကတော့ အမြဲတမ်း ပြည့်နေတာပေါ့ ။  အစ်မ၇ိုက်တဲ့ ဇာတ်ကားက သရဲခေါ်သံ ပေါ့။  မန္တလေးမှာ ၊ မင်းသား နေသူရိန်၊ ပွင့်နဒီမောင်၊ စံပယ်မိုး နဲ့ပါ ။ သူငယ်ချင်းတွေ သရဲခေါ် ရင်းနဲ့ ဖြစ်ပျက်တာလေး တွေ ပေါ့။ ဒီအသက်အရွယ် အရ ဆိုရင်တော့ ဒရမ်မာလေးတွေကို ပိုပြီး ရိုက်ချင်တယ်။ အစ်မ လွန်ခဲ့တဲ့ (၃) နှစ်  သီလရှင်ဝတ်ပြီးတုန်း က နည်းနည်း ၀လာသေးတယ်။ နှစ်နှစ်လောက်  တော်တော် ၀ လာတာ ။ ၀တုတ်ကြီးတော့ မဟုတ်ဘူး ။ ပြည့်ရုံပေါ့ ။  အစ်ကလည်း အရပ်ပုတော့ သိသာတယ်  ။  အခုကတော့ အစားပြန်လျော့ လေ့ကျင့်ခန်းလည်း လုပ်တယ် ။ အစ်မက နဂို ပိန် ဆိုတော့ နည်းနည်းလေးလျော့လိုက်ရင် လျော့လျော့သွားတယ်ပေါ့ ”  ဂန္တ၀င်
By MyanmarCelebrity







#MyanmarCelebrity #Ganawin

Related Posts

Scroll to top