အခွေတစ်ခွေထွက်အောင် မနည်းရုန်းကန်နေရပါတယ် - သိန်းလင်းစိုး


ပရိသတ်တွေက အဆိုတော်တွေကို အရမ်းချမ်းသာတဲ့ သူတွေလို့သာထင်တာ တစ်ကယ်တန်း အခွေတစ်ခွေထွက်ဖို့ မနည်းရုန်းကန်နေရတာပါလို့ အဆိုတော် သိန်းလင်းစိုး က MC သို့ပြောပါတယ်။


“ ပရိသတ်တွေက အဆိုတော် ၊ မင်းသား၊ မင်းသမီး တွေကို အထင်ကြီးတယ်ဗျ ။ အရမ်းချမ်းသာတယ်ပေါ့  ။ တစ်ကယ်တန်းကြတော့ အဲ့လိုမဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ကတော့ ကိုယ့်အကြောင်းကိုယ် သိတာပေါ့ ။ ကျွန်တော်တို့ က သီချင်းသာပေါက်သွားတာ အဆိုတော်တွေ က နောက်တစ်ခွေထွက်ဖို့ နယ်တွေမှာ ရှိုးပွဲပေါင်းများစွာလိုက်ဆို ပြီးတော့မှသာ အခွေပြန်ထွက်လို့ရတာလေ။ Audio ခွေထွက်ရင်လည်း ကုန်ကျတာများသလို ၊ MTV ဆိုရင်လည်း ပိုပြီးတော့ ကုန်တယ်။ တစ်ကယ်တန်းဆိုရင် ကျွန်တော်တို့   Original အခွေကကြတော့ မရောင်းရဘူး ။  အဲ့အတွက် ကျွန်တော်တို့ ပိုက်ဆံက အမြတ်နေနေ အရင်းတောင် ပြန်ရဖို့ မလွယ်ဘူး။ အဲ့တော့ တစ်ခြားနည်းမျိုးစုံနဲ့ စီးပွားရေးတွေ အမျိုးမျိုးလုပ်ပြီး အဆိုတော် သက်တမ်းရှည်အောင် လုပ်နေကြတာပေါ့ ” - သိန်းလင်းစိုး



 ဂီတလောကထဲမှာ ဖြတ်သန်းလာတာ (၁၅) နှစ်နီင်္းပါးရှိပြီ ဖြစ်ပေမယ့် ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ အချိန်တွေ ကုန်ခဲ့တယ်လို့ ပြောထားပါတယ်။ “ အရင်တုန်းက ကိုယ့်အလုပ်ကိုယ် သေချာမလုပ်ဘူး ။ သူများ အလုပ်တွေကို လိုက်ကူညီဖြစ်တာများတယ်။ အရင်တုန်းကဆိုရင်  Girl Band တွေကို မန်နေဂျာ လုပ်တယ်၊ သီချင်းတွေ ရေးဖြစ်တယ်။ အခွေစီစဉ်သူတွေရော ။ အများကြီးပဲ ကိုယ့်အတွက်ကိုယ်မလုပ်ပဲ သူများတွေ အတွက်လုပ်ပေးဖြစ်တာ ။ အဲ့လိုနဲ့ နှစ်တွေ အများကြီးလုပ်ပေးခဲ့တယ်။. နောက်ပိုင်းကြတော့ အသက်တွေလည်း ကြီးလာပြီ အရွယ်ရောက်လာပြီ ဆိုမှသာ ကိုယ့်အလုပ်လေး ကိုယ်ပြန်လုပ်ဖြစ်တာ။ ကျွန်တော်ကနေရာမရသေးပါဘူး ။ကျွန်တေ့်ာကို လက်ခံတယ်ဆိုတဲ့ ပရိသတ် လက်တစ်ဆုပ်စာလောက်ပဲရှိသေးတာပါ ။ ၂၀၁၈ မှာ ကျွန်တော့်ရဲ့ တတိယအခွေလေးထွက်နိုင်အောင် ပိုက်ဆံတွေစုနေတယ် ”လို့ သူကပြောပါတယ်။


#MyanmarCelebrity #TheinLinSoe

Related Posts

Scroll to top