ပထမဆုံး နှင်းဆီအငြိမ့် ဖျော်ဖြေတဲ့နှစ်က မူးလဲခဲ့တာ ဘ၀အမှတ်တရပါ - မေကဗျာ



ဆယ်စုနှစ်တိုင် စည်းစည်းလုံးလုံး နဲ့ အောင်မြင်လျှက် ရှိတဲ့  နှင်းဆီအဖွဲ့ ရဲ့ ပထမဦးဆုံး ဖျော်ဖြေတဲ့နှစ်မှာ အကတိုက်ရတာ ပင်ပန်းလို့ မူးလဲပြီး ဆေးရုံတတ်ခဲ့ရတာ ဘ၀မှာ အမှတ်တရပါပဲ လို့ သရုပ်ဆောင် မေကဗျာ က MC သို့ပြောပါတယ်။ 


“ နှစ်အစကတည်းက ကဗျာတို့ကို အခုချိန်ထိ လက်တွဲခဲ့တဲ့ အတွက်၊ ဦးမျိုး နဲ့ အစ်ကိုတွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ စစကတဲ့နှစ်မှာပဲ မူးလဲလို့ ဆေးရုံတင်လိုက်ရတယ် ။ Full  Reharsal နေ့ နောက်ဆုံးနေ့ က အမျိုးသမီးရေးရာ ပွဲပေါ့ ။ အဲ့မှာပဲ မူးလဲတယ်။ ရှေ့ရက်တွေက အက တိုက် ၊ ဇာတ်ကားရိုက် နဲ့ ဆိုတော့ လိုက်ကာလည်းချပြီးတော့ မူးလဲရော ၊ ဆေးရုံသုံးရက် တတ်လိုက်ရတယ်။ အဲ့တာနဲ့ ပွဲကြီးမှာ မကဖြစ်လိုက်ဘူး။ ဘ၀မှာတော့ အမှတ်တရပဲ ။ ဆေးရုံကဆင်းပြီးတော့ ကဗျာက ကမယ်ပြောတယ် ၊ အိမ်ကလည်း ပေးမကဘူး ။ ဆရာကလည်း တစ်ပည့်တွေကို ညှာတယ်၊ တစ်ပည့်တွေကလည်း ဆရာ့ကိုချစ်တယ်။ အဲ့လို စည်းလုံးမှုလေး ရှိလို့ပါ ။ ကိုနေတိုး တို့ဆိုရင်လည်း ညီမတွေကို ညှာတယ် ။ ခရီးသွားမယ်ဆိုရင် မိသားစုတွေလိုပဲ ။ တိုင်တိုင်ပင်ပင် နဲ့ ညှိနှိုင်း ကြတာလေးလည်း ပါတယ်။ ကဗျာတို့လူငယ်တွေဆိုရင်လည်း ဦးမျိုးစကားတစ်ခွန်းပဲ ။ အဲ့တော့ အားလုံးအဆင်ပြေကြတာပေါ့ ” - မေကဗျာ



တော်ဝင်နှင်းဆီ အငြိမ့် ကို ဒီဇင်ဘာ (၃၀)ရက်နေ့မှာ ဖျော်ဖြေမှာဖြစ်ပြီး မေကဗျာ က အငြိမ့်ကပြီး  သျှန်ထွန်း (မြန်မာစာ) ရေးစပ်ထားတဲ့ သီချင်းတစ်ပုဒ် သီဆိုမယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ကမ္ဘာနှစ်ထပ် ရုပ်ရှင်ဇာတ်ကားကြီး ကိုနိုင် (ကျော်ရဲအောင် ) နဲ့ ရိုက်နေတာဖြစ်ပြီး သီချင်းတွေ ဆိုနေတယ်လို့ ပြောပါတယ်။  By MyanmarCelebrity


#MyanmarCelebrity #MayKaByar

Related Posts

Scroll to top