အဖေနဲ့အမေ ကို မခွဲနိုင်လို့ ပြည်ပ ပညာတော်သင်တောင် မသွားဘူး - လမင်းခ


အဆိုတော် အငဲ ရဲ့ သမီးဖြစ်သူ လမင်းခ က အဖေ နဲ့ အမေ ကို အကြာကြီး မခွဲနိုင်လို့  ပြည်ပ မှာ ပညာတော်သင် သွားဖို့ အကြံပေးတာတောင် မသွားဖြစ်ပါဘူးလို့ MC သို့ သူမကပြောပါတယ်။


“မိဘကတော့ အချစ်ဆုံးပေါ့ ။ အစားထိုးလို့လည်း မရဘူး။ နှိုင်းယှဉ်လို့လည်း မရပါဘူး ။ ဘ၀မှာတော့ မိဘကို အချစ်ဆုံးပါပဲ  ။ ဖေဖေတို့ ၊ မေမေတို့ နဲ့ခွဲပြီး (၁၀) တန်းတုန်း က ပုဂံပဲ သွားဘူးတယ်။ (၂) ညအိပ် (၃) ရက် သူငယ်ချင်းတွေနဲ့လည်း တစ်ခါမှ မသွားဘူးတော့ အိမ်မေ့တယ်ပေါ့ ။ အရမ်းပျော်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းကြတော့ သူငယ်ချင်းတွေကလည်း နိုင်ငံခြားမှာ ပညာသင်သွားကြတယ်။ အဲ့တော့ လမင်း ကိုလည်း အကြံပေးကြတာပေါ့ ။ လမင်းခ နိုင်ငံခြားတွေ ဘာတွေ သွားဖို့စိတ်ကူးမရှိဘူးလားပေါ့။ အဲ့လိုမျိုးဆိုရင် လမင်း မိဘကိုမခွဲနိုင်ဘူး။ အဲ့တော့ မြန်မာနိုင်ငံမှာပဲ မိဘနဲ့ပူးကပ်ပြီးတော့ နေချင်တဲ့ သမီးမျိုးပေါ့။ နှစ်နဲ့ချီ သွားရမယ့် ခရီးကတော့ တစ်သက်လုံးသွားဖြစ်မယ် မဟုတ်ဘူး ” - လမင်းခ


လမင်းခ က သူမရဲ့ ကူး…ကူ အခွေထွက်ရှိတဲ့ ပိုက်ဆံ နဲ့ ဖခင်ဖြစ်သူ အငဲ ကို iphone 8 ၀ယ်ပေးထားပါတယ် ၊ အမေ့ကို မပေးလိုက်ရလို့ စိတ်မကောင်းဖြစ်မိကြောင်း ပြောပါတယ် ။ ဒါပေမယ့် သူမရဲ့ဘ၀မှာ တစ်ခါသာ ကံစမ်းမဲပေါက်တဲ့ iphone 8 + ကို အမေ့ကို ပေးလိုက်ရလို့ ၀မ်းသာနေပါတယ် ။



လတ်တလော အနုပညာလှုပ်ရှားမှု နဲ့ ပက်သက်ပြီး “ အခုလာမယ့် (၂၄) ရက်နေ့ ပြင်ဦးလွင် ပန်းပွဲတော်မှာ သီချင်းဆိုဖို့ရှိတယ်။   NewYear မှာ ရွှေပြည်သာ က  IC ကမျိုးဆက်သစ် ကလေးတွေနဲ့အတူ သီချင်းသီဆိုဖို့ ရှိပါတယ်။ လမင်း အောက်တိုဘာ က ထွက်ထားတဲ့ ကူး..ကူ ဆိုတဲ့ သီချင်းလေး အမ်တီဗွီ ရိုက်ဖို့ရှိနေတယ် ” လို့ သူမကပြောပါတယ်။  By MyanmarCelebrity





#MyanmarCelebrity #LaMinKha #ANge

Related Posts

Scroll to top