" အနမ်းဝိုင် " ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ ၊ အနုပညာရှင်များ တတ်ရောက်


"အနမ်းဝိုင်" ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသခြင်း ကို ဇန်န၀ါရီလ (၂၇) ရက်နေ့ က ရန်ကုန် ၊ သမ္မတ ရုပ်ရှင်ရုံမှာပြုလုပ်ခဲ့ပါတယ်။  ဒီဇာတ်ကားကို ဒါရိုက်တာ အောင်မြတ် က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် အောင်ရဲလင်း၊ မင်းဦး ၊  စိုးမြတ်သူဇာ ၊ ၀တ်မှုန်ရွှေရည် နှင့်အတူ အနုပညာရှင်များ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။


" ၀တ်မှုန်မျှော်တဲ့လိပ်ပြာ " ဇာတ်ကားပြီးကတည်းက ဒီလိုရိုမန့်ဆန်ဆန် ဇာတ်ကား မရှိသေးပါဘူး။ လရိပ်အေး ဆိုတဲ့ကောင်မလေး နေရာကနေပြီးတော့ သရုပ်ဆောင်ထားပါတယ်။ လရိပ်အေးကတော့  အရာရာကိုမြိုသိပ်ထားတဲ့ ကောင်မလေးပေါ့။ အမြဲတမ်း သူ့ခံစားချက် ကို ဖော်ထုတ်ခွင့်မရဘဲနဲ့  တစ်ယောက်တည်း ခံစားချက်တွေ ပြည့်နေတဲ့ မိန်းကလေးပေါ့။ သူ့ဘ၀ သူကိုယ်လည်း မပျော်တဲ့ ကောင်မလေးနေရာကပါ။ ကိုအောင်မြတ် နဲ့ က အမ်တီဗီတွေလည်း ရိုက်ဘူးတယ်။ သု့ကိုလည်း ယုံကြည်တဲ့အတွက်ကြောင့် လက်ခံဖြစ်တာ။ သူနဲ့ ရိုက်ရင် ထူးခြားမှု အသစ်ဖြစ်မယ် ဆိုတာကိုသိတယ်။ ဒီဇာတ်ကားမှာ ရုပ်ရှင်ဇာတ်ကားက တောင်ကြီးမှာရိုက်တယ်။ နေရာတွေကတော့ လှတယ်ဆိုပေမယ့် တစ်နေရာနဲ့တစ်နေရာ သွားရတာ အရမ်းပင်ပန်းပြီးရိုက်ထားပေမယ့် ပြန်ကြည့်ရတာတော့  ကျေနပ်ပါတယ် " လို့ သရုပ်ဆောင် ၀တ်မှုန်ရွှေရည် က MC    သို့ပြောပါတယ်။














#MyanmarCelebrity #AungYeLin#WutHmoneShweYi #SoeMyatThuzar

Related Posts

Scroll to top