(၁၈) နှစ်ပြည့်မွေးနေ့ ကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲ ဖြတ်သန်းခဲ့တဲ့ ယွန်းယွန်း


သရုပ်ဆောင် ယွန်းယွန်း ရဲ့ (၁၈) နှစ်ပြည့်မွေးနေ့ ကို ဇန်န၀ါရီလ (၁၉) ရက်နေ့ က ရန်ကုန် ၊ Piano Bar မှာ ပြုလုပ်ခဲ့ပါတယ် ။ မွေးနေ့ပွဲကို ယွန်းယွန်း က မိသားစု ၊ အနုပညာမိတ်ဆွေ သူငယ်ချင်းများနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ပါတယ်။


" ညီမ ၁၆၊ ၁၇ ကတော့ အပြောင်းအလဲတွေလည်း များတယ်။ အတွေ့အကြုံ အသစ်တွေလည်း အများကြီးရခဲ့တယ် ။ ပါတ်ဝန်းကျင် က လူတွေလည်း ပိုပြီးတော့ ပြောင်းလဲလာတယ်။ မြင်တတ်လာတယ်ပေါ့နော်။ အရင်တုန်းကတော့ ကလေးစိတ်နဲ့ပဲ ကြည့်တာဆိုတော့ သိပ်ပြီးတော့ မမြင်တတ်ဘူးပေါ့နော်။ အခု အရွယ်လေးလည်း ပြောင်းလဲလာပြီဆိုတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာတာလေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ညီမအတွက်ကတော့ အကုန်လုံး အတွေ့အကြုံကောင်းတွေချည်းပါပဲ။ " လို့ သရုပ်ဆောင် ယွန်းယွန်း က MC  သို့ပြောပါတယ်။
By Myanmar Celebrity


















#MyanmarCelebrity #YoonYoon#SuPanHtwar #HanThi #ZayYa

Related Posts

Scroll to top