သုံးရောင်ခြယ်ရုပ်ရှင် ရဲ့ အဓိပ္ပါယ်ကိုပြောပြခဲ့တဲ့ ဒါရိုက်တာ စတီး


ဘ၀ပေးအခြေအနေကြောင့် ပြည့်တန်ဆာဘ၀ရောက်ခဲ့ရတဲ့ မိန်းကလေးတွေအကြောင်း ရိုက်ထားတဲ့ "သုံးရောင်ခြယ်" ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ အဓိပ္ပါယ် ကို ဒါရိုက်တာ စတီး(ဒွေးမေတ္တာ) က MC သို့ပြောပါတယ်။



"သုံးရောင်ခြယ် ဆိုတာကတော့ ဒီကောင်မလေးတွေ ရဲ့ ဘ၀က တစ်မနက်လုံး အိပ်ကြတယ်။ ညဘက်မှာတော့ ရေချိုးပြီးသွားရင် သူတို့မှာ ပိုင်ဆိုင်တဲ့ အရောင်သုံးရောင် ရှိတယ်ပေါ့။ နံပါတ်(၁) က ညဘက်မီးရောက်အောက်မှာနေရင် သူတို့ရဲ့ မျက်လုံးအလှတွေပေါ်ဖို့အတွက် ကာခြယ်ဆိုတဲ့ အနက်ရောင်ကိုတင်ရတယ် ။ မိတ်ကပ်ပြင်ပြီးရင်တော့ ပါးနီ တင်ရတယ်။ နှုတ်ခမ်းနီကို အနီရဲရဲပဲဆိုးခွင့်ရှိတယ် ။ ကျန်တဲ့ အရောင်တင်လို့မရဘူးလို့ပြောပါတယ်။ အဲ့တာကြောင့် သူတို့ဘ၀ရဲ့ တင်စားပြီးတော့ သုံးရောင်ခြယ် လို့ပေးလိုက်တာပါ။ နစ်နာတဲ့ဘ၀ကို အရောင်သုံးရောင်နဲ့ ဖော်ကျူးလိုက်တာပါ " - ဒါရိုက်တာ စတီး




ဒီဇာတ်ကား မှာ မင်းမော်ကွန်း ရဲ့ ကာရိုက်တာနဲ့ ပက်သက်ပြီး "ကိုကျော့်ကိုလည်း ကျွန်တော်ဆိုရင် သရုပ်ဆောင် စလုပ်ကတည်းကြိုက်ခဲ့တဲ့ မင်းသားတစ်လက်ဖြစ်တယ် ။ ကိုကျော့် ကို ကျွန်တော်ကလည်း အကူညီတောင်းတယ်။ ကျွန်တော် ဒီင်္ဇာတ်ကားလေးကို ရိုက်ချင်တယ်။ ဒါပေမယ့် ကျွန်တော် ကိုကျော့် ကို ကာရိုက်တာ အသစ်တစ်ခုထားပြီးတော့ ရိုက်ချင်တယ် ။ ကျွန်တော့်ကို ဇာတ်ပြောပြဆိုတော့ ကျွန်တော်ပြောပြတယ်။ ကိုကျော်ကလည်း သူလုပ်ဘူးချင်တဲ့ ဇာတ်ဖြစ်တဲ့အတွက်ကြောင့် ရဲရဲတင်းတင်း လုပ်မယ်။ သူကိုယ်တိုင်ကလည်း တောင်းဆိုတာပါ။ ကျွန်တော့်ကို အဖြည်လုံးဝ မလုပ်ပါနဲ့ ။ ဗီလိန် ဆိုလည်း အပြီးချမယ်ဆိုတာနဲ့ ကျွန်တော်လုပ်ဖြစ်တာပါ ။ ကျွန်တော်တို့ ပေးချင်တဲ့ အကြောင်းလေးကတော့ သုံးရောင်ခြယ် ခံရမယ့် မိန်းကလေးတွေကို တားဆီးကြပါဆိုတဲ့ ဆောင်ပုဒ်လေးပါ " လို့ သူကပြောပါတယ်။
By MyanmarCelebrity
#MyanmarCelebrity #SaTee

Related Posts

Scroll to top