ဒီနှစ်အကယ်ဒမီဆု မမှန်းပါဘူး - လူမင်း


၂၀၁၇ ခုနှစ်မြန်မာ့ရုပ်ရှင်ဆုပေးပွဲ အကယ်ဒမီစာရင်းဝင် ဇာတ်ကား (၅၃) ကားထဲမှာ လူမင်း ရဲ့ ဇာတ်ကားတွေပါဝင်နေပေမယ့် ဒီနှစ်အတွက်တော့ အကယ်ဒမီဆု မမှန်းပါဘူးလို့ သူက MC ကိုပြောပါတယ်။


 “ဒီနှစ်ကတော့ အစ်ကို မှန်းစရာကားမရှိပါဘူး ။ ကိုယ်အခုချိန်ထိ အနုပညာဖန်တီးချပြခွင့်ရနေတာ ပရိသတ်ကြီးက နေရာပေးလို့ပါ ။ သူတို့ပေးထားတဲ့ နေရာနဲ့ ထိုက်တန်အောင် အစ်ကိုကြိုးစားပါ့မယ် ” - လူမင်း



အကယ်ဒမီဆုပေးပွဲနဲ့ ပက်သက်ပြီး လိုအပ်လာရင် ကူညီဖို့အသင့်ပါပဲလို့ လူမင်းကပြောပါတယ်။ တစ်နှစ်နဲ့တစ်နှစ်မတူဘဲ ပြောင်းလဲမှုတွေကတော့ ရှိနေမှာပါ  ၊ ကိုဌေး (ဦးဇင်ဝိုင်း ) က အကောင်းဆုံးလုပ်နိုင်တဲ့ ဥက္ကဌတစ်ယောက်ပါလို့ ပြောပါတယ်။

ဒီနှစ်မှာ အကယ်ဒမီဆု (၁၁) ဆုလုံး ပေးမယ်ဆိုတဲ့ Best OF The Year အကြောင်းနဲ့ ပက်သက်ပြီး “ ကိုယ့်လက်ထပ်တုန်းက (၁၁ ) ဆုလုံးပေးဖို့ ကြိုးစားပေမယ့် နာယကကြီးတွေ ၊ သက်ကြီးဝါကြီးတွေ ဖြစ်တဲ့ ဘဘ ဘိုကလေးတင့်အောင်က အစ လူကြီးတွေရဲ့ ရှေးအစဉ်အဆက် ထုံးစ ဖြတ်သန်းမှုအတွေ့အကြုံအရ ဆုံးဖြတ်တဲ့အပေါ်ကိုပဲ ကိုယ်ကလိုက်နာခဲ့ရတာလေ။ ဆိုလိုတာက Best OF The Year ဆိုရင် ဆုအမျိုးအစား (၁၁) ဆုရှိရင် မဖြစ်မနေ (၁၁) ဆုလုံးကိုပေးမယ်။ လူကြီးတွေကြ တော့လည်း ဟိုးအရင်တုန်းက ဦးဝင်းဦး တို့လို ဒေါင်ဒေါင်မြည်ဇာတ်ကားကြီးတွေ၊ တစ်နှစ်ကို (၇၀) ၊ (၈၀) အပြိုင်အဆိုင်မှာတောင်မှ တစ်နှစ်လုံး မှာ (၃) ဆုပဲ ပေးခဲ့တာမျိုးတွေလည်း ရှိတယ်ပေါ့။ အဲ့တော့ အကယ်ဒမီက ပိုရှားပါးတော့ ပိုတန်ဖိုးရှိတယ်။ မဖြစ်မနေပေးတာကို မလုပ်ဘူးဆိုတဲ့ အများဆုံးဖြတ်ချက်ကို နာခံပြီးလုပ်ပေးခဲ့တာ ” လို့သူကပြောပါတယ်။




လူမင်း ရဲ့  ၂၀၁၇ခုနှစ် အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေကတော့ မယားကြောက်ရွာ ၊ အောင်စေ ပိုင်စေ ၊ ဖေ့စ်ဘုတ်ဘုရင်မ နဲ့ ငေါ့ချမ်းခသစ္စာ ဇာတ်ကားပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ ၂၀၁၆ ခုနှစ်က  "ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ"  ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။ 



#MyanmarCelebrity #LuMin #Academy

Related Posts

Scroll to top