ရုံရှင် ကားရှင် စိတ်ကြိုက်ပြတဲ့စနစ်က ပိုကောင်းပါတယ် - လူမင်း


ရုံရှင် ကားရှင် စိတ်ကြိုက်ပြသတဲ့ စနစ်ကြောင့်  ပရိသတ်ရွေးချယ်ဖို့ ဇာတ်ကားတွေ များလာသလို ၊ အနုပညာ အရည်အသွေးတွေလည်း ပိုကောင်းလာကြတယ်  မြင်ပါတယ်လို့ သရုပ်ဆောင် လူမင်း က MC သို့ပြောပါတယ်။

“ခေတ်ကာလအရကတော့ ရုံရှင် ၊ ကားရှင် နဲ့ပက်သက်တာတွေက မလွှဲမသွေရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ဒီလို ရုံရှင်ကားရှင် စိတ်ကြိုက်ရွေးချယ်ပြီးပြသတဲ့ နည်းလမ်းကိုရွေးချယ်ခဲ့တာလည်း အစ်ကို ဥက္ကဌသက်တမ်းလက်ထပ်ကတည်းပါ ။ ရုံပိုင်ရှင် ဇာတ်ကားပိုင်ရှင် အများသဘောတူဆန္ဒနဲ့ပဲ ရွေးချယ်ခဲ့တာလေ။ ဈေးကွက်စီးပွားရေးအရရော  ပရိသတ်ဘက်ကကြည့်မယ်ဆိုရင်ရော ပိုကောင်းတဲ့စနစ်ပါ ။ ပရိသတ်ဘက်လည်း ရွေးချယ်စရာတွေ အများကြီးရှိသွားတာပေါ့နော် ။ အဆိုးထဲက အကောင်းကတော့ အပြိုင်ဆိုင်တွေဖြစ်လာတယ်။ အပြိုင်ဆိုင်ပြင်းထန်လာတာနဲ့ အမျှ ထုတ်လုပ်သူတော်တော်များများက ကိုယ့်ဇာတ်ကားကို ကောင်းအောင်ရိုက်မှဖြစ်မယ်။ မကောင်းရင်ရုံရှင်က ရုံတင်မှာ မဟုတ်ဘူးဆိုတဲ့ အသိလေး နဲ့ဇာတ်ကားတွေကို ပိုကောင်းအောင်ရိုက်ဖို့  အားစိုက်လာကြတာတွေကိုလည်း တွေ့ရတယ်။ အဲ့တော့ဇာတ်ကားအရေအတွက်ထက် အခုနောက်ပိုင်း အရည်အသွေးတွေ ပိုကောင်းလာတာကတော့ ကျွန်တော်တို့ အနုပညာရှင်တွေအတွက်ရော ပရိသတ် အတွက်ရော တစ်ကယ့်ကိုကောင်းတဲ့ အရာတစ်ခုပါ ။ အားနည်းချက်ကတော့ လတ်တလောမှာ ဇာတ်ကားတွေ (၂၅၀) ၊ (၃၀၀) လောက် ပုံနေတာရယ် ၊ ပြသနိုင်တဲ့ရုံအရေအတွက်က နည်းနေတာရယ် ။ တန်းစီတဲ့စနစ်ဆိုတာ မဖြစ်လဲမဖြစ်နိုင်တော့ဘူး ၊ ဖြစ်လာမှာလည်း မဟုတ်တော့ဘူး။ အဲ့လိုအခြေအနေမျိုးမှာရုံတွေကလည်း ရုံအုပ်စုတွေကွဲလာမယ့် အရိပ်အယောင်တွေမြင်နေရတယ်။ အဲ့တော့ ဇာတ်ကားပိုင်ရှင်နဲ့ ရုံရှင်နဲ့ ညှိဖို့က ရုံရှင်သဘောတူမှပဲ ပြရတဲ့ဟာမျိုးပေါ့ ။ အခုလောလောဆယ် ညှိနှိုင်းနေတယ်ဆိုတာက အများသဘောတူ နည်းလမ်းကိုရွေးချယ်ချမှတ်ပြီးလုပ်နေတာပေါ့ ။ နောက်ပိုင်းဆိုရင်လည်း တစ်ကားချင်းရဲ့  Personal အရပြသလာတာတွေလည်း ဖြစ်နိုင်ပါတယ် ” - လူမင်း



 #MyanmarCelebrity #LuMin

Related Posts

Scroll to top