ရေကူးဘောင်းဘီနဲ့ဓာတ်ပုံက အထူးအဆန်းမဟုတ်ဘူး၊နောက်လဲရိုက်မှာပါ-ဥက္ကာမင်းမောင်


 ငပလီကမ်းခြေမှာ My Journey Travel & Lifestyle Magazine  အတွက်ရိုက်တဲ့ ဓာတ်ပုံနဲ့ ပက်သက်ပြီး ဝေဖန်တာတွေအပေါ်  ရေကူးဘောင်းဘီဝတ်တာ အထူးအဆန်းမဟုတ်ပါဘူး ၊ နောက်လဲ ရိုက်သွားဦးမှာပါ လို့  ဥက္ကာမင်းမောင် က MC  သို့ပြောပါတယ်။



“ကမ်းခြေမှာ ရေကူးဘောင်းဘီ နဲ့ ရိုက်တာက ဘာများထူးဆန်းလို့လဲ ။ ကိုယ်တွေ မမွေးခင်ကတည်းက လူတိုင်းရိုက်လာတာ။ အနုပညာရှင်မဟုတ်တဲ့ နိုင်ငံခြားသားခရီးသွားတွေရော ၊ မြန်မာနိုင်ငံက သူတွေရော ရိုက်ကြတာပဲ ။ ပြီးတော့ သူတို့  SocialMedia မှာ သူတို့တင်ကြတာပဲ။ ဒါပေမယ့် ဘာလို့ ကိုယ့်ကြမှ ၀ိုင်းဆဲကြလည်း မသိပါဘူး။ ကိုယ်မရိုက်လည်း တစ်ခြားသူတွေကတော့ ရိုက်နေကြဦးမှာပဲ။ ကျွန်တော်ကလည်း ရိုက်နေဦးမှာပဲ။ မရိုက်ပါနဲ့လို့  ပြောလို့မရတဲ့အရာကြီး တစ်ခုမှာ ဘာလို့ဝိုင်းပြောနေကြတာလဲ။ ဒီဟာက နိုင်ငံရေးလုပ်နေတာလည်း မဟုတ်ဘူး ။ ဘယ်သူ့ ဘယ်သူ့ကိုမှ စော်ကားနေတာလည်း မဟုတ်ဘူး။ ယဉ်ကျေးမှုကိုဖျက်စီးနေတာလည်း မဟုတ်ဘူး။ ကမ်းခြေမှာ ရေကူးဘောင်းဘီနဲ့ရိုက်တာ အထူးအဆန်း မဟုတ်ဘူး။ အဲ့တာကို ဘာလို့အထူးဆန်းတွေလုပ်ပြီးတော့ နွားခြေရာခွက်ထဲမှာပဲ လက်ပစ်ကူးနေကြတယ်။ တစ်ချို့တွေ ၊ နည်းနည်းပါးပါး ပင်လယ်ကြီးထဲမှာရိုက်တာပဲ ရိုက်ခွင့်ပေးလိုက်ပါ ။ ဒါပေမယ့် ကျွန်တော်က သူများပြောလည်း မရိုက်တော့ဘူးလားဆိုရင် မဟုတ်ဘူး။ ရိုက်ဦးမှာပဲ ။ ဒါတင်ထားတယ်ဆိုတာက ဖုန်းထဲကပုံတွေ။ Professional ပုံတွေ မထွက်လာသေးဘူး ။ အနုပညာရှင်ရော ၊ အပြင်လူရော မဟုတ်တာလုပ်ရင် တော့ပြောပါ။ ဒါကလည်း ကျွန်တော်က မဟုတ်တာလုပ်တာ မဟုတ်ဘူး။ ပြောတော့လည်း ပြောပေါ့လေ။ ကျွန်တော်ကတော့  အရည်ထူနေပါပြီ။ တစ်ခါတစ်လေကြရင် Comment ဖတ်ပြီးရယ်ရတာ ကျွန်တော့်အတွက် Entertainment ပိုဖြစ်ပါတယ်။ ကျွန်တော် Body ဒီအနေအထားတစ်ခုရဖို့ Gym ကစားလာတာက ၉  နှစ်မကဘူး။ Mister ပြိုင်ပွဲတွေမှာလည်း ရေကူးဘောင်းဘီလောက်နဲ့ ပြိုင်လာတာလေ လူ(၁၅)ယောက်ရှေ့မှာ ရိုက်လို့ရှက်လာမေးရင်၊ ကျွန်တော်မရှက်ပါဘူး ။ နောက်လည်း ရိုက်မှာပဲ ” - ဥက္ကာမင်းမောင်
By MyanmarCelebrity










#MyanmarCelebrity #OkkarMinMaung

Related Posts

Scroll to top