၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား(၃)ကား


၂၀၁၇ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို အခုလာမယ့် မတ်လမှာ ပြုလုပ်တော့မှာပဲဖြစ်ပါတယ် ။ ဒီနှစ် အပြိုင်အဆိုင်ပြင်းထန်မယ့် အကယ်ဒမီစာရင်းဝင် ဇာတ်ကား (၅၃) ကား ပေါ်ထွက်လာပါပြီ  ။ အကယ်ဒမီ ဇာတ်ကား (၅၃)ကားထဲက မှ MyanmarCelebrity ပရိသတ်ကြီးအတွက် ပထမဦးဆုံး ဇာတ်ကား(၃)ကား ရဲ့ ဇာတ် ၀င်ခန်းတွေ ကို အမှတ်တရကြည့်ရှုနိုင်ဖို့  ရွေးချယ်တင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားတွေကတော့ တာတေကြီး ၊ ရင်ဘတ်ထဲကဓား နဲ့ ကပ္ပိယ ရုပ်ရှင်ဇာတ်ကား တွေပဲဖြစ်ပါတယ်။



"ရင်ဘတ်ထဲက ဓါး" ရုပ်ရှင်ဇာတ်ကား ကို ဒါရိုက်တာ ၀ိုင်း က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် ပြေတီဦး ၊ အိန္ဒြာကျော်ဇင် ၊ ထွန်းအိန္ဒြာဗိုလ် ၊ မြတ်ကေသီအောင် တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားက အိမ်ထောင်ရေး အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။




တာတေကြီး ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ၀ိုင်း က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် နေတိုး ၊ ရွှေသမီး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက အိန္ဒိယ ရုပ်ရှင်ကို မှီငြိမ်းရိုက်ကူးထားတာဖြစ်လို့ ဒါရိုက်တာဝိုင်း က ပြောထားပါတယ်။ ဒီဇာတ်ကားက သရဲကားဖြစ်ပြီး ကော်ပီဇာတ်ကားဖြစ်လို့ ဒါရိုက်တာ အတွက် အကယ်ဒမီဆုကို မျှော်မှန်းလို့ မရနိုင်ဘူးလို့ သိရပါတယ်။







စာရေးဆရာမ ခင်ခင်ထူး ရဲ့ ကျေးလက်သဘာဝ တောဓလေ့ကို နောက်ခံပြုထားတဲ့ “ကပ္ပိယ” ၀တ္ထုကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) မှ ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး  အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ ဖွေးဖွေး ၊ ကောင်းပြည့် နှင့်အတူ သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
By MyanmarCelebrity





#MyanmarCelebrity #Wyne #PyaeTiOo #NayToe #EainDraKyawZin #PhwayPhway

Related Posts

Scroll to top