ရယ်မိလို့ စိတ်မကောင်းဖြစ်မိတယ် ၊ တောင်းပန်ပါတယ် - နေခြည်ဦး


Make Me Beautiful ပြိုင်ပွဲမှာ Make Up Artist ဂျူလိုင် နဲ့ ပြိုင်ပွဲဝင်မော်ဒယ် အတွက် စိတ်မကောင်းဖြစ်ရပါတယ် ၊  ပြိုင်ပွဲရိုက်ကူးရေး အချိန်တောက်လျောက် တောင်းပန်ခဲ့ပြီးသားပါ လို့ Blogger နေခြည်ဦး က MC သို့ပြောပါတယ်။



“ တော်တ်ာလည်း စိတ်မကောင်းဖြစ်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့ ဝေဖန်မှုကြောင့်  ဝေဖန်ခံရတဲ့ မိတ်ကပ် ဂျူလိုင် အတွက်ရော  ပြိုင်ပွဲဝင်ပေးခဲ့တဲ့ မော်ဒယ် အတွက်ရော နေခြည် တစ်ကယ်စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Make Me Beautiful ဆိုတဲ့ မိတ်ကပ်ရွေးချယ်ပွဲ က တစ်ခြား TV Show တွေလို နေခြည်တို့ Live လုပ်ပြီးတော့ ပြိုင်ပွဲဝင်တာမဟုတ်ဘူး။ ရိုက်ကတည်းက နေခြည်တို့ ရယ်လိုက်မိတဲ့အတွက်ကြောင့် ဒီလိုပြသနာဖြစ်မယ်။ ဝေဖန်ခံရမယ်ဆိုတာကို နည်းနည်းတော့ နေခြည်ရိပ်မိတာပေါ့နော်။ ထင်မှတ်ထားတဲ့အတိုင်းပဲ ဒီပွဲလေးဖြစ်လာတဲ့အချိန်မှာ ကြည့်တဲ့ပရိသတ်တွေက ပြိုင်ပွဲဝင်ဘက်ကနေပြီးတော့ နေခြည်တို့ဝေဖန်တာကို လက်မခံနိုင်တဲ့ အနေအထားတွေဖြစ်လာတယ်။ နေခြည်ကိုယ်တိုင်လည်း တစ်ကယ်ကိုယ်တိုင် စိတ်မကောင်းဖြစ်ခဲ့တယ်။ ဒါပေမယ့် ကိုယ်ထင်ထားတာထက် ပိုပြီးတော့ ဝေဖန်ခံရတယ်။ နည်းနည်းတော့ စိတ်ထဲမှာ ကသိကအောက် ပိုပြီးတော့တော့ ဖြစ်တာပေါ့နော်။ ကိုယ်တိုင်လည်း ရယ်ခဲ့တယ် ၊ အဲ့အတွက်ကြောင့် ပြန်ပြီးတော့ ၀ဋ်လည်တယ်လို့ နေခြည်ကတော့ ထင်ပါတယ်။ အစကတည်းကလည်း နေခြည်တို့က စိတ်မကောင်းဖြစ်ခဲ့တယ်။ ကိုယ်လုပ်လိုက်တဲ့ အပြုအမူတစ်ခုက သူများသား၊သမီးကို စိတ်ထိခိုက်မှုပေးတယ်။ ၀မ်းနည်းမှုပေးသလို ၊ မျက်ရည်လည်း ကျခဲ့တယ်။ အဲ့အတွက်ကြောင့် နေခြည်တို့ အစကတည်းကလည်း စိတ်မကောင်းဖြစ်ပြီးသား။ နေခြည်တို့ ပြိုင်ပွဲရိုက်နေတဲ့အချိန်တစ်လျောက်လုံးလည်း တောင်းပန်ခဲ့တယ်။ ပွဲပြီးတဲ့အချိန်မှာလည်း တောင်းပန်ခဲ့တယ်။ ဘယ်လိုပဲ တောင်းပန်ခဲ့ပါစေ ငိုတဲ့သူကလည်း ငိုပြီးဖြစ်တဲ့အတွက်ကြောင့် ဝေဖန်မှုတွေကိုလည်း နေခြည် လက်ခံတယ် ” - နေခြည်ဦး
 By MyanmarCelebrity 








#MyanmarCelebrity #NayChiOo

Related Posts

Scroll to top