"လူကြီး" ဗီဒီယိုဇာတ်ကား ရိုက်ကူးနေတဲ့ အောင်ရဲလင်း နဲ့ ပိုင်ဖြိုးသု


"လူကြီး" ဗီဒီယိုဇာတ်ကားကို ဇန်န၀ါရီလ (၃၀) ရက်နေ့ က ရန်ကုန်၊ ရွှေနားပန်ဘုရားမှာ ရိုက်ကူးခဲ့ပါတယ်
။ ဒီဇာတ်ကားကို ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူးပြီး သရုပ်ဆောင် အောင်ရဲလင်း၊ ပိုင်ဖြိုးသု၊ ဇင်မျိုး၊ ကိုဘင်း ၊ နှိုင်းယှဉ်မြင့်မိုရ် နှင့်အတူ အနုပညာရှင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 




"ဇာတ်ကားနာမည်ကတော့ "လူကြီး" ဆိုတဲ့ဇာတ်ကားပါ ။ ကာရိုက်တာကတော့ ကိုယ်ကဒီဇာတ်ကားထဲမှာ ရပ်ကွက်လူကြီး ။ ရပ်ကွက်လူကြီးကိုမှ ကိုယ်က မိန်းမလည်းကြောက်ရသေးတယ်ပေါ့။ ဒီကာရိုက်တာလည်း မလုပ်ဘူးဘူး။ ပထမဦးဆုံးအကြိမ်ပါပဲ ။ ဟာသနဲ့ ဒရမ်မာလေး ရောထားတာ။ အဲ့တာကြောင့် ဇာတ်လေးလည်း ဆန်းတယ်ဆိုပြီးတော့ လက်ခံဖြစ်တာပါ။ ဒီလိုမျိုးဇာတ်ကားက ပရိသတ်လည်း ကြိုက်ကြမှာပါ။ အစ်ကိုနဲ့ဒီကာရိုက်တာလည်း ပြောင်းပြန်ကြီးဖြစ်နေပါတယ်"  လို့ အောင်ရဲလင်း က MC သို့ပြောပါတယ်။




















#MyanmarCelebrity #LuGyiMovieMaking #AungYeLinn #PaingPhyoThu

Related Posts

Scroll to top