ယောကျားင်္လေးဆိုတော့ သ၀န်တိုတာပေါ့ - ကိုတာတာမျိုး



သရုပ်ဆောင်အလုပ်ကို နားလည်မှုပေးတယ်ဆိုပေမယ့် ယောကျားင်္လေးဆိုတော့ သ၀န်တိုတာတွေတော့ ရှိတာပေါ့လို့ နန်းမြတ်ဖြိုးသင်း ရဲ့ အမျိုးသားဖြစ်သူ ကိုတာတာမျိုး က MC သို့ပြောပါတယ်။

“ကျွန်တော်ကတော့ နားလည်ပေးပါတယ်။ သူ့အလုပ်အပေါ်ကိုလည်း ၊ သူစိတ်ချမ်းသာသလို သူလုပ်ချင်တာကို ပေးလုပ်ပါတယ်။ ယောကျားင်္လေးဆိုတော့လည်း သ၀န်တိုတာတွေ ဘာတွေတော့ ရှိပါတယ်။ သူ့ကကြတော့ အလုပ်သဘောဆိုတာကို အမြဲတမ်းပြောပြတော့ နောက်ပိုင်းကြတော့လည်း ရိုးသွားတာပေါ့။ ကျွန်တော်က စတွေ့တုန်းကတည်း က အပြင်လူတစ်ယောက် အနေနဲ့ တွေ့ခဲ့ကြတာ။ နားလည်မှုကတော့ တော်တော်လေးကို ပေးပါတယ်။ တစ်သက်လုံး နှစ်ယောက် စိတ်ချမ်းသာအောင်နေဖို့ပဲ စဉ်းစားထားပါတယ်  ”  - ကိုတာတာမျိုး








 “အလုပ်နဲ့ပက်သက်ရင်တော့ နားလည်လာတယ်။ သမီးရည်းစားဘ၀ထက်စာရင် လက်ထပ်ပြီးတဲ့အခါကြတော့  သူလည်း ကိုယ့်နားမှာ အနီးကပ်ပိုပြီးတော့ ရှိလာတဲ့အခါကြတော့  ပိုနားလည်မှုပေးလာပါတယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် လေးစားမှု ၊ နားလည်မှု ၊ အယုံကြည်ရှိမှု က အဓိကကျတယ်လို့ ထင်ပါတယ်။ သူလည်း နန်းမြတ်ကိုယုံသလို ၊ သူ့အပေါ်လည်း နန်းမြတ် ယုံတဲ့အတွက်ကြောင့်လည်း နားလည်မှုတွေ ပိုရှိလာတယ်။ အဲ့တော့ သံယောစဉ်က ပိုပြီးတော့ ခိုင်လာတယ်လို့ ထင်တယ်။ နန်းမြတ် တို့ကတော့ အစတည်းကတိုင်ပင်ထားတယ်။ ကလေးတော့ ချက်ချင်းကြီးမယူသေးဘူးပေါ့ ။ လက်ထပ်ပြီးရင် နှစ်ယောက် အေးအေးဆေးဆေး သူ့အလုပ် ကိုယ့်အလုပ်လုပ်လိုက်ဦးမယ်။ နောက်ပြီး အတည်တကျဖြစ်တော့မှ ဒီကိစ္စကို စဉ်စားမယ်ပေါ့ ။ ဘာလို့လဲဆိုရင် ကိုယ်က မိန်းကလေးဖြစ်သလို ၊ မိခင်လည်း ဖြစ်တယ်။ အနုပညာအလုပ်တွေလည်း လုပ်နေတာဆိုတော့ အစီစဉ်ဆွဲပြီး ယူမှပဲအဆင်ပြေမယ်။ နန်းမြတ်ကတော့ ကြိုတင် တစ်နှစ်လောက် Plan လုပ်ပြီးတော့မှ စဉ်းစားထားတာ ။ နန်းမြတ်ကတော့ အမွှာလိုချင်တာ။  ကလေးရလာပြီဆိုရင် ကောင်းကောင်းပဲ့ပြင် ထိန်းသိမ်းဖို့ဆိုတာ မလွယ်ဘူးလေ။ ကိုယ့်စီနီယာတွေလည်း တော်ကြတာ။ မထရီဇာ သမီးလေးနှစ်ယောက်ဆိုတာ နန်းမြတ်က သိပ်ပြီးသဘောကျတာ။ ကိုယ်က အမွှာလိုချင်တာလေ။ သူကသားလေးလိုချင်တာ ၊ နန်းမြတ်က သမီးလေးလိုချင်တာ  ” - နန်းမြတ်ဖြိုးသင်း
By MyanmarCelebrity



#MyanmarCelebrity #NanMyatPhyoThin #TarTarMyo 

Related Posts

Scroll to top