Qualityကောင်းတဲ့ဇာတ်ကားရိုက်ပြီး ရုံတင်ရင် သတ္တိရှိရှိဝင်ကြည့်ချင်တယ် - အောင်ရဲလင်း



ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတဲ့အခါ အရည်အသွေးကောင်းတဲ့ ဇာတ်ကားတွေပဲ စိစစ်ရိုက်ကူးသွားမှာပါ ၊ ဘ၀င်မြင့်တယ်လို့ ထင်နိုင်ပေမယ့်  ရုံတင်ရင်သတ္တိရှိရှိ နဲ့ ၀င်ကြည့်ချင်ပါတယ်လို့ အောင်ရဲလင်း က MC သို့ပြောပါတယ်။

 “ ကျွန်တော် နောက်ပိုင်းဇာတ်ကားတွေဆိုရင် ဇာတ်တိုင်းဇာတ်တိုင်း အများကြီးစိစစ်ပြီးမှပဲ ရိုက်ပါတယ်။ ကျွန်တော်TheOneChampionship  ဇာတ်ကားရိုက်မယ်။ (၄) လပိုင်းတစ်လလုံး အဲ့ ထရိန်နင်လုပ်ဖို့ ရှိတယ်။ ပင်တော့ပင်ပန်းတယ်ဆိုပေမယ့် ပိုပြီးတော့ ကြိုးစားရမယ်ဆိုတဲ့ စိတ်ရှိတယ်။ အရင်တုန်းက ကျွန်တော်ကိုယ်တိုင် ဘာမှန်းမသိပဲ ရိုက်ခဲ့တဲ့ဇာတ်ကားတွေကို ကျွန်တော် ရိုက်ခဲ့တဲ့အတွက်ကြောင့် ဒီအချိန်မှာ ကျွန်တော်ကိုယ်တိုင်ကြိုက်မှ ပရိသတ်ကြိုက်မယ် ဆိုတာယုံကြည်လို့ သေချာရိုက်တာဖြစ်ပါတယ်။ ကျွန်တော်  Quality ထိန်းလိုက်တဲ့ အတွက်ကြောင့် လူတွေရဲ့အမြင်မှာ ဘ၀င်မြင့်တယ်လို့ ထင်ကောင်းထင်နိုင်တယ်။ ဂျီးများတယ်လို့လည်း ထင်ကောင်းထင်နိုင်တယ်။ အဲ့တာတော့ အားနည်းချက်။ အားသာချက်ကတော့ ကိုယ်တိုင် အရည်အသွေးကို တစ်ကယ်ထိန်းပြီးတော့ ရိုက်တဲ့အတွက်ကြောင့် ရုံတင်လာတဲ့အချိန်မှာ ရုံထဲကိုကျွန်တော် သတ္တိရှိရှိနဲ့ ၀င်လာရဲတယ်။ ကြည့်ရဲတယ်။ အဲ့တာကြောင့် သတ္တိရှိချင်ပါတယ်။ ဇာတ်ကားတစ်ကားက ပရိသတ်ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာကတော့ ကံတရားပါပဲ ။ ကျွန်တော်ယုံကြည်တာကတော့ ကိုယ်တိုင်ကြိုက်ပြီး ပရိသတ်ကြိုက်တာကိုပဲ ဖြစ်စေချင်တယ်”  - အောင်ရဲလင်း





အောင်ရဲလင်း က အရင်ပုံစံကိုလည်း ပြောင်းလဲထားတယ်လို့သိရပါတယ်။ ဘာသာရေးတွေလည်း လုပ်ဖြစ်နေတာကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း အများကြီးပြောင်းလဲ သွားတယ်လို့ ပြောပါတယ်။

“ ဘာသာရေးကို တစ်စိုက်မတ်မတ်နဲ့ ကျွန်တော်လုပ်တယ်။ ဒီဘာသာရေးကြောင့် ကျွန်တော် အများကြီးပြောင်းလဲသွားတယ်လို့ ထင်တယ်။ ကျွန်တော့်ရဲ့ စိတ်တွေက ဘာသာရေးကြောင့် အခုလိုအများကြီးပြောင်းလဲလိုက်သလိုပဲ ။ ဒီလိုမျိုးပြောင်းလဲသွားတာ ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ၊ ဆရာသမားတွေကြောင့်ပါပဲ။ ကျွန်တော် အရင်တုန်းကတော့ ဘာသာရေးလုပ်ဖြစ်ပေမယ့် အခုလို တစ်စိုက်မတ်မတ် နဲ့ မလုပ်ဖြစ်ဘူး။ နောက်တစ်ခုက အရွယ်ကြောင့်လဲဆိုင်မယ်။ ငယ်တော့ အခုလိုလည်း မတွေးတတ်ဘူး ” လို့ သူကပြောပါတယ်။
By  MyanmarCelebrity



#MyanmarCelebrity #AungYeLin 

Related Posts

Scroll to top