ဖွေးဖွေး နဲ့ Relationship အကြောင်းပြောပြခဲ့တဲ့ ယွန်းယွန်း


သရုပ်ဆောင် ယွန်းယွန်း က ဖွေးဖွေး ရဲ့ ငယ်ဘ၀ဇာတ်ဝင်ခန်းတွေကို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်သူဖြစ်သလို သူတို့နှစ်ဦးကြား က Relationship အကြောင်းတွေကိုလည်း ယွန်းယွန်း က MC သို့ ပြောပြခဲ့ပါတယ်။

“ မဖွေးနဲ့ကတော့ ညီအစ်မတွေလိုပါပဲ ။ နှစ်ယောက်စလုံးကလည်း တစ်ဦးတည်းသော သမီးတွေချည်းပဲလေ။ မဖွေးကလည်း မောင်လေးတစ်ယောက်ပဲ ရှိတာ။ ညီမတို့က လက်ပံ ရုပ်ရှင်ဇာတ်ကား စရိုက်ကတည်း က ရင်းရင်းနှီးနှီးဖြစ်သွားတာပေါ့ ။ သူ့အိမ်မှာသွားပြီးတော့ ဦးဝိုင်းနဲ့ အတူတူ အိုက်တင်လေ့ကျင့်တာတွေလည်း ရှိတယ်လေ။ ညီမကိုလိုအပ်တဲ့ မိတ်ကပ်တွေလည်း ပြင်တတ်အောင် Support လုပ်ပေးတယ်။ ဆံပင်အတုတွေဘာတွေ က အစ ညီမနဲ့ လိုက်ဖတ်တာကို ရွေးချယ်ပြီးတော့ လုပ်ပေးတယ်။ စတွေ့တည်း က ရင်းရင်းနှီးနှီးဆက်ဆံဖြစ်တယ်။ နောက်ပိုင်းကြတော့ သူ့အငယ်ခန်းတွေ ရိုက်ဖြစ်တယ်။ မဖွေးနဲ့ညီမက အသက်အရွယ်အရ ကွာတယ်ဆိုပေမယ့် နေတာကတော့ Close ဖြစ်ပါတယ်။ မတူတာတွေ ရှိနေပေမယ့်လည်း တူတာလေးတွေများနေတယ်ဆိုတော့ ညီမတို့တွေ ပေါင်းဖြစ်တာပါ။ မဖွေးက ညီမနဲ့ တူတာဆိုရင် စိတ်ထဲမှာရှိတာကိုလည်း ဟန်မဆောင်တတ်ဘူးပေါ့နော်။ ညီမက အဲ့တာမျိုးကို အရမ်းကြိုက်တယ်။ ဟန်ဆောင်တဲ့သူတွေနဲ့ တွေ့ရင် ညီမလည်း စိတ်ပင်ပန်းတယ်။ ကိုယ့်လိုပဲ ပွင့်ပွှင့်လင်းလင်း စိတ်ထားရှိတဲ့သူကြတော့ သွားပြီးတော့ ပေါင်းမိတာပေါ့နော်။ သူနဲ့နေရတာ စိတ်သက်တောင့်သက်သာဖြစ်တယ် ။ ပျော်တယ် ” - ယွန်းယွန်း









#MyanmarCelebrity #YoonYoon 

Related Posts

Scroll to top