Valentine Day မှာ “ ဘာညာဘာညာ” သီချင်း အွန်လိုင်းတင်မယ် - လွှမ်းပိုင်


Myanmar Music Store အွန်လိုင်းကနေပြီးတော့  “ဘာညာဘာညာ”  Single သီချင်း ကို Valentine Day မှာ ဖြန့်ချိရောင်းချသွားဖို့ စီစဉ်ထားပါတယ်လို့ အဆိုတော် လွှမ်းပိုင် က  MC သို့ပြောပါတယ်။

“ ကျွန်တော် အခုလာမယ့် Valentine အတွက် သီချင်းလေးတစ်ပုဒ် ဖြန့်ချိဖို့ လုပ်နေပါတယ်။ သီချင်းလေး နာမည်ကတော့ “ဘာညာဘာညာ” လို့တော့ ပေးထားပါတယ်။ ကျွန်တော်  Myanmar Music Store ကနေပြီးတော့ Single သီချင်းအနေနဲ့ ရောင်းချသွားမှာပါ ။ ကျွန်တော်တစ်ယောက်တည်းပဲ ဆိုမှာပါ ” - လွှမ်းပိုင်



အဆိုတော်လွှမ်းပိုင် နဲ့ BobbySoxer တို့ပူးပေါင်း ဖွင့်လှစ်ထားတဲ့ HighSkool Fashion ဆိုင်အနေနဲ့ ကိုယ်ပိုင် Brand ထုတ်ပြီး အ၀တ်အစားတွေ ရောင်းချတော့မှာဖြစ်ပြီး ဖောက်သည်တွေ နဲ့ ပရိသတ်တွေကို မကြာခင် ကြော်ငြာသွားမှာပါလို့ ပြောပါတယ်။

 “အခုလာမယ့် Summer အတွက် ကျွန်တော်တို့ High Skool က Brand ကိုစပြီးတော့ ထုတ်မယ်။ နွေရာသီအတွက်ထုတ်ထားတဲ့ Brand ပါ ။ အားလုံးဖက်ရှင်စိတ်ဝင်စားမှုတော့ ရှိလာကြပါတယ်။ ကျွန်တော် ဖက်ရှင်ပေါ်ကိုတော့ ရူးသွပ်မှုရှိတယ်။ ဘယ်လောက်တောင် ရူးသွပ်မှုရှိလဲဆိုရင် ကျွန်တော်အပြင်မသွားချင်တော့ဘူးဆိုရင်တောင် ကိုယ်ဝတ်ထားတဲ့ဟာက မိုက်တယ်လို့ထင်ရင် သွားရင်သွားဖြစ်သွားတာပေါ့ ။ ကိုယ့်အတွက် Confidence တစ်ခုလည်းဖြစ်သလို စိတ်ကိုပေါ့ပါးလွတ်လပ်စေတယ်။ ယုံကြည်မှုရှိတယ်ထင်တယ်။ ဝေဖန်မှုအပေါ် ဘာမှပြောဖို့တော့ မရှိပါဘူး။ ကျွန်တော်က ဖက်ရှင် ကို စိတ်ဝင်စားတဲ့အတွက် ၀တ်တာတစ်ခုလို့ပဲ ကျွန်တော်မြင်စေချင်ပါတယ်။ ၂၀၁၈ မှာကျွန်တော့် ရုပ်ရှင်တွေ ရုံတင်မယ်။ တစ်ကိုယ်တော် ပွဲလုပ်ဖြစ်ဖို့ကတော့ သေချာသလောက်တော့ ရှိပါတယ်။ နောက်ထပ် MiNi Album လည်း ထွက်ဖို့တော့ ရှိပါတယ် ”  လို့ သူကပြောပါတယ်။
By MyanmarCelebrity






#MyanmarCelebrity #HlwanPaing

Related Posts

Scroll to top