သားငယ် ရဲ့ " လမ်းကလေး " အခွေ ဖေဖော်ဝါရီ(၂)ရက် ထွက်မည်


အဆိုတော် သားငယ် ရဲ့ "လမ်းကလေး" အခွေ စာနယ်ဇင်း မိတ်ဆက်ပွဲ ကို ဖေဖော်ဝါရီလ (၂) ရက်နေ့ က ရန်ကုန် ၊  Orchid Hotel မှာ ကျင်းပခဲ့ပါတယ်။ ဒီအခွေ မိတ်ဆက်ပွဲကို အဆိုတော် မင်းသွေး ၊  ယွန်းလေး ၊ ပိုးမီ ၊ ဇင်ကြီး ၊ ဥက္ကာဦးသာ ၊  ညီမင်းခိုင်  နှင့်အတူ အနုပညာရှင်များ လာရောက်ခဲ့ပါတယ်။


" အခွေကတော့ ဒီနေ့ပဲ ထွက်ပါတယ်။ သီချင်းကတော့ (၁၄)ပုဒ်ပါ ။ သီချင်း အမျိုးအစားကတော့ စုံပါတယ်။ Rock ကတော့ ပိုပြီးတော့ ပါတာပေါ့။ ပရိသတ် အကြိုက်လိုက်ပြီးတော့ ဆိုထားပါတယ် ။ ဒီအခွေက ပြိုင်ပွဲပြီးကတည်းက ဆိုရင် တစ်နှစ်လောက်တော့ ကြာပါတယ်။ ခေါင်းစဉ် ကတော့ MyanmarIdol ဘက်က ပေးတာပါ။ အနုပညာရှင် တစ်ယောက်အနေနဲ့ အခွေထွက်ရတော့ ပျော်တာပေါ့။ ကျွန်တော် အားရတယ်။အပြည့် အ၀ ကြိုးစားအားထုတ်ပါတယ်။ သီချင်းအဟောင်းလေးတွေကိုလည်း အပြောင်းအလဲအများကြီး လုပ်မထားဘူး"  လို့ အဆိုတော် သားငယ် က MC သို့ပြောပါတယ်။ 














#MyanmarCelebrity #TharNge #YoonLay #ZinGyi #PoeMi #MinThwae

Related Posts

Scroll to top