အိမ်ထောင်ကျပြီးတည်းက ရန်မဖြစ်သေးပါဘူး - ပွင့်ဖြူအောင် 



 ရည်းစားဘ၀တုန်း က ပိုပြီး ရန်ဖြစ်တယ်၊ အိမ်ထောင်ကျတာ ပဲ စောသေးလို့လား မသိဘူး မင်္ဂလာဆောင် ပြီးကတည်း က တစ်ခါမှ ရန်မဖြစ်သေးပဲ စိတ်ရှည် ပေးလာပါတယ် လို့ ဖော်ကာ ရဲ့ ဇနီးဖြစ်သူ ပွင့်ဖြူအောင် က MC သို့ပြောပါတယ်။



 “ ပွင့်တို့ ရည်းစားဘ၀တုန်း ကတော့ ပိုပြီးရန်ဖြစ်တယ်။ အိမ်ထောင်သက်ပဲ တိုသေးလို့လားတော့ မသိပါဘူး ။ မင်္ဂလာဆောင် ပြီးကတည်း က အခုချိန်အထိ တစ်ခါမှ ရန်မဖြစ်သေးဘူး။ တော်တော်လေးကို စိတ်နည်းနည်းလေး ရှည်ပေးလာတဲ့ သဘောလေးပါတယ်။ အဲ့တစ်ချက်တော့ ပွင့် တော်တော် ကံကောင်းတယ်။ မင်းသားတွေ ထက်စာရင်တော့ ကိုယ်ကံကောင်းတယ်လို့ ပြောရင်ရမှာပေါ့။ သိပ်သ၀န်တိုရတာတွေ ကူညီစောင့်ရှောက်ရတာတွေ မရှိတော့ဘူးပေါ့ ။ ကိုယ်ကလည်း သူအခြေကျတဲ့ အခြေအနေမှာ မှ သူနဲ့တွေ့တာဆိုတော့ ကောင်းကောင်းမွန်မွန် လျောက်နေပြီဖြစ်လို့ ကံကောင်းတယ်လို့ မြင်ပါတယ်။ ဘာမှသွေးမတော်သားမစပ်ပဲ နဲ့ ဦးဖော်ကာ နဲ့ ပက်သက်ပြီး အကောင်းလေးတွေ မြင်ပေးတယ်။ ချစ်ပေးကြတဲ့ သူတွေအားလုံး တစ်ကယ်ကို ကျေးဇူးတင်တယ် ” - ပွင့်ဖြူအောင်

အဆိုတော် ဖော်ကာ (FOKKER, ထိန်မင်းဇော်) နဲ့ မပွင့်ဖြူအောင် တို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို ၂၀၁၇ ခုနှစ် အောက်တို့ဘာလ (၅) ရက်နေ့ က ပြုလုပ်ခဲ့တာပါ ။ အိမ်ထောင်သက် တစ်နှစ်နီးပါး ကြာမြင့်ပြီဖြစ်တဲ့ သူတို့နှစ်ဦးမှာ ရင်သွေးလေး ပိုင်ဆိုင်နေရပြီ လို့လဲသိရပါတယ်။ ရင်သွေးလေးကတော့ (၃)လကျော်ပြီဖြစ်ပြီး ယောကျားင်္လေး၊ မိန်းမလေး ခွဲခြားလို့ မရသေးပါဘူး။

By Myanmar Celebrity





#MyanmarCelebrity #PwintPhyuAung #Fokker

Related Posts

Scroll to top