'' ကောလိပ်ဂျပိုး" ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ အနုပညာရှင်များတတ်ရောက်


'' ကောလိပ်ဂျပိုး" ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ (၄) ရက်နေ့ က ရန်ကုန်၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) က ရိုက်ကူးထားတာဖြစ်ပြီး မြင့်မြတ် ၊ ခင်လှိုင် ၊ ၀တ်မှုန်ရွှေရည် ၊ နေနော် ၊ ဇော်ဇော်အောင် ၊ ဌက်ပျောကြော်  နှင့်အတူအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင် ထားတာပဲဖြစ်ပါတယ်။


“ ကျောင်းကားအနေ နဲ့ တက္ကသိုလ်ဇာတ်ကား (၂) ကား ရှိပါပြီ။ ဒီဇာတ်ကားထဲမှာ ကစ် ကကျောင်းသူပါပဲ။ ကိုမြင့်မြတ် က အရမ်း အစအနောက်သန်တာ ။ ကစ် ကိုလိုက်စတာပေါ့။ ကျောင်းဇာတ်ကား အပျော်ပါပဲ ။ ကစ်ကျောင်းဇာတ်လေး မရိုက်တာလည်း ကြာပြီ ။ ဟာသဇာတ်ကားလေးလည်း မရှိတော့ လက်ခံဖြစ်တာ။ ရယ်ချင်တဲ့ ပရိသတ်တွေ လာကြည့်ပါလို့ ပြောချင်ပါတယ်။ ရိုက်တဲ့အချိန်တုန်းက အရမ်းပုတော့ အေးလည်းအေးပြီး သက်သောင့်သက်သာ ဖြစ်စေမယ့် အ၀တ်အစားတွေ ကို ရွေးပြီးတော့ ၀တ်ထားပါတယ်။ တော်တော်များများ အခန်းတွေ ရယ်ရပါတယ် ။ ကစ်ကတော့ ဟာသ သိပ်မပါဘူး။ သူလိုက်စနေတဲ့ ကောင်မလေးဆိုတော့ တစ်ချိန်လုံး သူ့ကို စိတ်တိုနေရတာပေါ့နော်  ”  လို့ ၀တ်မှုန်ရွှေရည် က MC သို့ပြောပါတယ်။


ဒီရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီ (၉ ) ရက်နေ့မှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံး ရှိ ရုပ်ရှင်ရုံကြီးများ တွင် ပြသတော့မှာ ဖြစ်တယ်လို့သိရပါတယ်။













#MyanmarCelebrity #MyintMyat #KhinHlaing #WuttHmoneShweYi 

Related Posts

Scroll to top