"မှုတ်ရှည်" ဗီဒီယိုဇာတ်ကား ရိုက်ကူးနေတဲ့ နေဒွေး နဲ့ သွန်းဆက်


"မှုတ်ရှည်" ဗီဒီယိုဇာတ်ကား ကို ရန်ကုန် ၊ သင်္ဃန်းကျွန်း အနီးရှိ ရွှေနားပန်ဘုရားမှာ ဖေဖော်ဝါရီလ (၈) ရက်နေ့က ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ မင်းခန့် က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် နေဒွေး ၊ သွန်းဆက် နှင့်အတူ အနုပညာရှင်များစွာ ပါဝင်ထားတာပါ။


" ဒီဇာတ်ကား နာမည်ကတော့ မှုတ်ရှည် ပါ ။ ဒီဇာတ်ကား နာမည်ကလည်း တစ်မျိုးဖြစ်နေတာပေါ့။ သွန်းဆက်တို့ ငယ်ငယ်တုန်းက မှုတ်လိုက်ရင် အရှည်ကြီးထွက်သွားတာတွေလေ။ ပြီးရင် ပြန်လိပ်သွားတယ်။ ကလေးတွေကျောင်းရှေ့တွေ မှာ ရောင်းတဲ့ဈေးသည်လေး။ အဲ့ဈေးသည်လေးအကြောင်းအရာ ဖြစ်လို့ မှုတ်ရှည် ဆိုပြီးတော့ နာမည်ပေးထားတာပေါ့။ အစ်မကာရိုက်တာကတော့ ဖန်စီလေးပါပဲ ။ တက္ကသိုလ်မှာ ပိုက်ဆံရှိတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့ကိုသနားတော့ လိုအပ်တာတွေလည်း လိုက်ကူညီပေးပေါ့။ အဲ့ဒီလို ကာရိုက်တာ လေးပါ " လို့ သွန်းဆက် က MC သို့ပြောပါတယ်။








#MyanmarCelebrity #NayDwae #ThunSatt

Related Posts

Scroll to top