ဝင့်ယမှုံနိုင် လို့ နာမည်ပြောင်းလိုက်တဲ့ အကြောင်းပြောပြ


 အနုပညာသက်တမ်း (၆) နှစ်ကျော်ကြာ ၀င့်ယမှုံလှိုင် နာမည် နဲ့ လှုပ်ရှားခဲ့ပြီး မှ ၀င့်ယမှုံနိုင် လို့ ရုတ်တရက် ပြောင်းဖြစ်တဲ့ အကြောင်းနဲ့ ပက်သက်ပြီး သူမ က MC သို့ပြောပြခဲ့ပါတယ်။

“ နာမည်ပြောင်းလိုက်တာ က အထွေထူးတော့ မရှိပါဘူး။ အစကတည်းက ယမုံ ကို ပြောင်းသင့်တယ်ဆိုပြီး အကြံပေးကြတဲ့သူတွေ ရှိတယ်။ မိသားစုဝင်တွေရော၊ ချစ်သူခင်သူတွေရော ပေါ့။ ဒါပေမယ့် ယမုံ က နာမည်အရင်းဖြစ်နေတဲ့ အတွက်ကြောင့် မပြောင်းချင်ခဲ့ဘူး။ နောက်တစ်ခုက ယမုံ တို့ ညီအစ်မ တွေရဲ့ နာမည်မှာ လှိုင် ပါတယ်လေ။ အဲ့တော့ ကိုယ်တစ်ယောက်တည်း ပြောင်းသွားမှာစိုးလို့ပါ ။ အနုပညာစလုပ်ပြီး တစ်လ ၊ နှစ်လ မှာပြောင်းတာလဲ မဟုတ်ဘူး။ တစ်နှစ် ၊ နှစ်နှစ် မှာ ပြောင်းတာလည်း မဟုတ်ဘူး။ အခုဆိုရင် (၅) နှစ်လောက်ကြာပြီပေါ့။ တစ်ရေးနိုးမှ ထပြီးတော့ပြောင်းလိုက်တာ။ လူတွေကတစ်မျိုးမြင်မှာ စိုးရိမ်တဲ့ စိတ်နဲ့ မပြောင်းပဲနေခဲ့တာ ။ ဒါပေမယ့် အခုလုပ်သင့်တဲ့ အချိန်လည်း ရောက်နေပြီ။ ကျန်းမာရေး၊လူမှုရေး ၊ စီးပွားရေး အားလုံးအတွက် လုပ်သင့်တဲ့ အချိန်ရောက်လာလို့ ဆုံးဖြတ်လိုက်တာပါ။ ယမုံပြောင်းလိုက်တဲ့နေ့က Personal Account မှာ Shock ဖြစ်သွားကြတယ်။ ပရိသတ်ကြီးလည်း နားလည်ပေးကြဖို့ ပြောနေပါတယ်” လို့ ၀င့်ယမှုံနိုင် က MC သို့ပြောပါတယ်။
By - MyanmarCelebrity








#MyanmarCelebrity #WintYaMoneNaing

Related Posts

Scroll to top