ခပ်ချေချေ ပုံစံ သရုပ်ဆောင်ရတာ ကြိုက်တယ် - ရွှေအိမ်စည်


မောက်မာပြီး ချေ တဲ့ ဇာတ်ရုပ်မရိုက်ကြဖို့ ပြောကြပေမယ့် ကိုယ်တိုင် အရမ်းသဘောကြပါတယ် လို့ သရုပ်ဆောင် ရွှေအိမ်စည် က MC သို့ ပြောပါတယ်။



“ နောက်လမှာ 25 ရာခိုင်နှုန်းလောက် ပြန်ပေးဆွဲမယ့် ဇာတ်ကား ကို ရိုက်တော့မှာပေါ့ ။ အဲ့ဇာတ်ကားမှာ Millionaire (သန်းကြွယ်သူဌေး) တစ်ယောက်ရဲ့သမီး။ အရမ်း သောင်းကျန်းတယ် ။ ကလပ်တွေ အရမ်းတတ်ပြီး ဘေးနားက လူတွေကိုလည်း ဂရုမစိုက်ဘူး။ မောက်မာပြီး ဆိုးသွမ်းတဲ့ သူတစ်ယောက်နေရာက သရုပ်ဆောင်ထားတယ်။ ပြန်ပေးဆွဲခံရတော့ မှ သင်ခန်းစာ ရသွားတယ်။ နောက်ပိုင်းမှ လိုအပ်တဲ့သူတွေ ကို ပြန်ပြီး ကူညီလိုက်တာပေါ့ ။ အိမ်စည့် ကို တော်တော်များများ ပြောကြတယ်။ လူမချစ်မယ့် ကာရိုက်တာမျိုး မရိုက်နဲ့တဲ့ ။အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အတွက် လူချစ်လူခင်လည်း ပေါများဖို့လိုတယ်။ အိမ်စည် က မျက်နှာအရမ်းတည်တဲ့ အတွက်ကြောင့် လူချစ်လူခင် ပေါတဲ့ အထဲမှာလည်း မပါဘူးပေါ့ ။ ကာရိုက်တာ အဆိုးကြီးတွေ မရိုက်ပါနဲ့ တောင်းဆိုပေမယ့် အိမ်စည် က အဲ့လို ပုံစံကိုမှ သဘောကြတာ။ ချေလိုက်တာပေါ့ ။ အဲ့လိုမောက်မာတဲ့ အခန်းတစ်ခန်းတော့ ရိုက်ကြည့်စေချင်သေးတယ် ” လို့ သူမကပြောပါတယ် ။





By Myanmar Celebrity
#MyanmarCelebrity #ShweEainSi

Related Posts

Scroll to top