ဒုတိယကိုယ်ဝန် ကို မိန်းကလေး မျှော်လင့်မိတယ် - ဆုန်သင်းပါရ်



မေလ ထဲ မွေးဖွားမယ့် ဒုတိယ ကိုယ်ဝန် ကို မိန်းကလေး တော့ မျှော်လင့်မိတယ် ၊ သားအကြီးက လေးနှစ်ခွဲ မူကြိုကျောင်း တတ်နေပါပြီ လို့ အဆိုတော် ဆုန်သင်းပါရ် က MC သို့ပြောပါတယ်။

 “ သားလေးကတော့ သီချင်းတွေ သေချာနားထောင်ပါတယ် ။ (၄) နှစ်ခွဲရှိပါပြီ။ မူကြိုတတ်နေပြီ။ ဒုတိယရင်သွေးကတော့ အစ်မ မိန်းကလေး လိုချင်တယ်။ ဘာလေးလဲ ဆိုတာကတော့ မွေးလာမှပဲ သိရမယ်။  အတိအကျတော့ မပြောရဲသေးဘူး။ မိန်းကလေး သာရမယ် ဆိုရင် အရမ်းကောင်းမယ်လို့ မျှော်လင့်မိတယ်။ ကျန်းမာရေး အထူးတစ်လည်ကြီး စောင့်ရှောက်တာ မရှိပါဘူး။ မဆုန်သင်း ကိုယ်တိုင်က အကြမ်းခံတဲ့ ဘက်မှာပါတယ်။ ငယ်ငယ်ကတည်းက အားကစားတွေ လုပ်ခဲ့တယ်။ မာရသွန်ပြေး ၊ ကြက်တောင်ရိုက် ငယ်ငယ်တည်း က တောက်လျောက် (၁၀) တန်းတည်းက လုပ်ခဲ့တယ်။ ဒါ့ကြောင့် ဒီအလေ့ကျင့်တွေက သူများထက်စာရင် ကောင်းတယ်လို့ ပြောလို့ရတာပေါ့ ။ အရမ်းရောဂါ သိပ်မရှိဘူး။ ကိုယ်ကလည်း နာတာလောက်ဆို စိတ်ထဲမထားပဲ ကောင်းတယ်ဆိုတဲ့ စိတ်နဲ့ပဲနေလိုက်တယ်။ ဒါပေမယ့် အဆိုတော် တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် အိပ်ရေးတော့ ကောင်းကောင်းဝအောင် အိပ်ပါတယ် ” - ဆုန်သင်းပါရ်

By MyanmarCelebrity




#MyanmarCelebrity #SoneThinPar

Related Posts

Scroll to top