" မွှေချက်ကတော့လွန်လွန်းတယ် " ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ



ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးထားတဲ့" မွှေချက်ကတော့လွန်လွန်းတယ် " ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို မတ်လ (၂၅) ရက်နေ့က ရန်ကုန် ၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ် ။ ဒီဇာတ်ကားမှာ နေတိုး ၊ အရိုင်း ၊ ဟိန်းမင်း ၊ကင်းကောင်၊ မျောက်ရှုံး ၊ ကိုပေါက် ၊ ဌက်ပျောကြော် ၊ သက်မွန်မြင့် ၊ ယွန်းရွှေရည် တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။




"  ဒီဇာတ်ကားရိုက်တာကြာပါပြီ။ သားသားလေးမွေးပြီးတော့ ပထမဦးဆုံး ရိုက်တဲ့ဇာတ်ကားပါ။ ၂ နှစ်ခွဲလောက်တော့ကြာပြီ။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ အနုပညာရှင်တွေကလည်း အများကြီးပဲ ။ ဒီဇာတ်ကားကလည်း ဟာသပေါ့နော်။ သက်မွန်ကလည်း အရယ်သန်တယ်။ ရယ်ကြောမိရင် ထိန်းလို့မရတော့ဘူး။ အဲ့လိုဆိုတော့ ဦးကင်းနဲ့ဦးဟိဏ်းမင်းက အရမ်းစတယ် ။ အဲ့တာလေးတွေ ပြန်ထိန်းရတယ် " လို့  သက်မွန်မြင့် က ပြောပါတယ်။










#myanmarcelebrity #naytoe #kyawzawlin #thetmonmyint

Related Posts

Scroll to top