" ရင်ငွေ့နဲ့ပျိုးတဲ့နှင်းဆီ " ဇာတ်ကား ရိုက်နေတဲ့ နေဒွေး နဲ့ နန်းဆုဦး


ဒါရိုက်တာ ဇော်မိုးထွေး ရိုက်ကူးတဲ့ "  ရင်ငွေ့နဲ့ပျိုးတဲ့နှင်းဆီ " ဇာတ်ကားကို မတ်လ (၂၀) ရက်နေ့ က ရိုက်ကူးနေတာပဲ  ဖြစ်ပါတယ်။ သရုပ်ဆောင် နေဒွေး ၊ နန်းဆုဦး ၊ မာယုသာ ၊ သင်ဇာဝင်းပြည့် ၊ စိမ်းလဲ့ညို ၊ မိုးအိမ်ဂျယ်၊ ဟိန်းဇေ ၊ အိတိ တို့က အဓိကပါဝင်ထားပါတယ်။



" ဒီဇာတ်ကားကတော့  ဒရမ်မာဇာတ်ကားလေးပါ ။ ဆေးရုံမှာ ရိုက်တာပေါ့ ဒီနေ့ကတော့ ။ ဒီဇာတ်ကား က ကာရိုက်တာကတော့ နှစ်မျိုးပေါ့ ။ ပထမကတော့ ဆင်းရဲတဲ့ကောင်လေး ၊ နောက်ပိုင်း မမကြီးတစ်ယောက်က ကိုယ့်ကိုစပွန်ဆာပေးလိုက်တာပေါ့ ။ ကိုယ်ချစ်တဲ့သူ ကျောင်းထားနိုင်ဖို့ ပံ့ပိုးတဲ့ဇာတ်ရုပ်ပါ "  လို့ သရုပ်ဆောင် နေဒွေး က MC သို့ပြောပါတယ်။





#MyanmarCelebrity #NayDway #NannSuOo

Related Posts

Scroll to top