" ဒုဌ၀တီကိုကျော်လွန်၍ " ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲ အခမ်းအနား


" ဒုဌ၀တီကိုကျော်လွန်၍ " ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား ကို မတ်လ (၂၁) ရက်နေ့က ရန်ကုန် ၊  Novotel ဟိုတယ်တွင် ပြုလုပ်ခဲ့ပါတယ်။ ဒါရိုက်တာ အာကာ ရဲ့  ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နိုင်နိုင်း ၊ အမွန်း ၊ ဇော်ဇော်အောင် တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

" ကျွန်တော့်ကို လာပြီး ကမ်းလှမ်းတဲ့အချိန်မှာ ဇာတ်လမ်းပေးပြီး ဖတ်ခိုင်းပါတယ်။ ဇာတ်လမ်းဖတ်တဲ့အချိန်မှာ တစ်ကယ် ဟုတ်ရောဟုတ်ရဲ့လားပေါ့ ။ အဲ့ဇာတ်လမ်းအတိုင်း ရိုက်မှာလားဆိုပြီး ထင်မိတယ်။ သူတို့  ပြောတဲ့ ရေးတဲ့ အတိုင်း တစ်ကယ်ပဲ ရိုက်ခဲ့တယ်။ " 




" Mystery Of Burma " ရုပ်ရှင်ဇာတ်ကား ရဲ့  တင်ဆက်မှုအပေါ် ပရိသတ်က တစ်ခဲနက် အားပေးနေကြတာ ကို မြင့်တွေ့ရပါတယ်။ နိုင်ငံတကာအဆင့်မှီ ရိုက်ကူးထားတဲ့  မြန်မာရုပ်ရှင် ဇာတ်ကားတစ်ကားလို့ မှတ်ချက်ပေးခဲ့ကြပြီး Trailer ကြည့်ရှုနှုန်း သန်းကျော်အထိ ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေး ကို ချစ်စမ်းမောင် က ဖန်တီးထားပြီး အဆိုတော် လေးဖြူ က သီဆိုပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။










#MyanmarCelebrity #NineNine #AhMoon #Arkar

Related Posts

Scroll to top