" မေဂယက်တို့ရပ်ကွက် " ရုပ်ရှင်ကန်တော့ပွဲပေး


ဒါရိုက်တာ ရာဇ၀င်ကို ရိုက်ကူးမယ့် " မေဂယက်တို့ရပ်ကွက် " ရုပ်ရှင် ကန်တော့ပေးပွဲ အခမ်းအနား ကို မတ်လ (၂၀) ရက်နေ့က ရွှေတိဂုံဘုရားအောင်မြေ မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကား ကို ရွှေသံစဉ် ရုပ်ရှင်ထုတ်လုပ်ရေး က ထုတ်လုပ်ပြီး သရုပ်ဆောင် ရန်အောင် ၊ မင်းမော်ကွန်း ၊ ခန့်စည်သူ ၊ ဇေရဲထက် ၊ ဇေထူး ၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊  ရွှေမှုန်ရတီ ၊ ဘေဘီမောင် နှင့်အတူ အနုပညာရှင်များစွာ ပါဝင်မှာပဲ ဖြစ်ပါတယ်။






" ဒီဇာတ်ကားကတော့ ရွှေသံစဉ် နဲ့ ကျွန်တော် ပထမဦးဆုံးလို့ စဆုံတဲ့ ဇာတ်ကားပါ ။ သာမာန် အနုပညာဇာတ်ကားတစ်ကားပါပဲ ။ ရပ်ကွပ်တစ်ခုမှ စနောက်ရင်းနဲ့ ဖြစ်လာတဲ့ အကြောင်းအရာတစ်ခုကိုပဲ အခြေခံထားတာပါ။ အဓိကကတော့ မခိုင်လေး နဲ့ ရွှေမှုန်ရတီ ရဲ့ ဇာတ်လမ်းပါ။ စနောက်ခြင်းရဲ့ ဆိုးကျိုးကို ပြမှာပေါ့  ။ ရန်ကုန်က ရပ်ကွက်တွေ ၊ ကျူးကျော်ရပ်ကွက် တွေမှာ သွားရိုက်ဖို့တော့ ရှိပါတယ် "  လို့ ဒါရိုက်တာ ရာဇ၀င် ကိုက MC  သို့ပြောပါတယ် ။


#MyanmarCelebrity #YanAung #KhantSiThu #ZayYeHtet #SoMyatTHuZar #KhineThinKyi #ShweMhoneYati #BabyMaung

Related Posts

Scroll to top