အိမ်ထောင်စု(၆)စုမှ ကလေးငယ်တွေနဲ့ သင်္ကြန်အကြို ရေကစားခဲ့တဲ့ ခိုင်နှင်းဝေ



အမျိုးသမီးများ ဦးဆောင်ကာ ရှာဖွေစားသောက်ရတဲ့ အိမ်ထောင်စု (၆) စုမှ ကလေးငယ်များ ကို ဧပြီလ (၁၀) ရက်က ရန်ကုန် ၊  Happy World သို့  သရုပ်ဆောင် ခိုင်နှင်းဝေ ကပို့ဆောင်ပြီး  သင်္ကြန်အကြို အနေနဲ့ အတူတူ ရေကစားခဲ့ပါတယ်။


ဒါ့အပြင် ကလေးတွေ နဲ့ အတူ ရွှေဘဲစားတော်ဆက် မှာ လက်ရည်တပြင်တည်း တူတူ စားသောက်ကာ သူတို့ကိုကြည့်နေရင်းပင် အများကြီး ကြိုးစားရဦးမယ် တွေးမိနေပါတယ်လို့ ခိုင်နှင်းဝေ က ပြောပါတယ်။






"ပထမ ခိုင်နှင်းဝေ ရင်သွေးလေးများရိပ်မွန် က ကလေး(၅၂)  ယောက်နဲ့ လာမလို့ စဉ်းစားထားတာ။ ဒါပေမယ့် ကလေးတွေက ယဉ်ကျေးလိမ်မာ သင်တန်းကျောင်းတက်နေလို့ အစ်မမခေါ်တော့ဘူး။ သူတို့ကို HappyWorld ကိုလည်း လိုက်ပို့ပြီးသွားပြီ။ အဲ့တာနဲ့ ပြန်စဉ်းစားလိုက်တာ အစ်မလှူထားတဲ့ထဲမှာလည်း ကလေးတွေရှိတယ်လေ။ အခုဆိုရင် အိမ်ထောင်စု (၆)အိမ်က ကလေးတွေပေါ့ ။ ဒီနေရာတွေကိုလည်း သူတို့မလာဘူးဘူး။ သူတို့ပော်ျရတာကလည်း သူတို့နားက ရပ်ကွက်လေးတွေမှာပဲ ပျော်ရတာလေ။ ဟိုတစ်နေ့က အစ်မသွားလှူတော့ ရေပြွတ်သေနတ်တွေ သွားလှူလိုက်တယ်။ သူတို့က အရမ်းလည်းပျော်သွားတယ်။ အဲ့တော့ သူတို့ဒီလိုနေရာတွေကိုလည်း မရောက်ဘူးသလို ကိုယ်နဲ့လည်း ရေပန်း၊ ရေလွှာလျောတွေ ဆော့ချင်မှာပဲလေ။  စဉ်းစားပြီး တိုင်ပင်လိုက်တဲ့အချိန်မှာ အစ်မ သွားလိုက်တယ်။ အဓိကကတော့ အိမ်ထောင်စု (၆) စု က ကလေးတွေပေါ့ ။ ဘ၀မှာ ခက်ခဲရုန်းကန်တဲ့ကလေးတွေ ပျော်ပါစေဆိုပြီးတော့  ရည်ရွယ်ချက်နဲ့ လုပ်ပေးတာပါ  " လို့ ပရဟိတ အလှူနဲ့ပတ်သက်ပြီး သရုပ်ဆောင် ခိုင်နှင်းဝေ က MC  သို့ပြောပါတယ်။












#myanmarcelebrity #khinehninwai #donation

Related Posts

Scroll to top