" ၀ါးမယ် " ဆိုင်နာမည်ကို(၃)ရက် စဉ်းစားပြီးပေးထားတာပါ - ဖိုးဖြူ




လူတစ်ယောက် ( ၁၅၀၀ ) ကျပ် နဲ့ ထမင်းတစ်နပ် အ၀စားနိုင်မယ့် " ၀ါးမယ်" မြန်မာ ထမင်း ၊ ဟင်း စားဖွယ်စုံဆိုင် ကို ဟာသ သရုပ်ဆောင် ၊ လူရွှင်တော် ဖိုးဖြူ က သုဝဏ္ဏ ၊ စစ်ကိုင်းစာသင်တိုက်လမ်း မှာ ဖွင့်လှစ်ထားပါတယ် ။





“ ကိုယ့်ဆိုင်လေးကို လူတွေဖတ်မိရင် ၊ ကြည့်မိရင် ၊ စားမိရင် အလွယ်တကူနဲ့ မှတ်သားနိုင်မယ့် နာမည်လေးကို (၃) ညလောက်စဉ်းစားပြီးတော့ ပေးထားတာ ။ " ၀ါးမယ်" မြန်မာ ထမင်း ၊ ဟင်းပေါ့ ။ အရသာအရှိဆုံး ၊ အသန့်ရှင်းဆုံး ဖြစ်အောင်ချက်သလို ဆီ ကအစ နေကြာဆီကိုပဲ သုံးထားတယ် ။ ဆန်ဆိုရင် ကောင်းအောင်သုံးမယ်။ ဦးဆီမှာထမင်းစားရင် (၁၅၀၀) နဲ့ ကြိုက်တဲ့ အသားဟင်းတစ်မျိုးရမယ် ။ ချဉ်ရည်ဟင်း ၊ တို့စရာ အစုံလင်ရမယ်။ ဦးတို့ဆိုင် က ငါးပေါင်းကတော့ Favourite ပဲ ။ ငါးသလောက် ဆိုရင် အကုန်လုံးနဲ့ မတည့်မှာစိုးလို့ ငါးကြင်း ကို(၂)ရက်လောက် မီးနွေးနွေးလေး နဲ့ပေါင်းထားတယ်။ အဲ့လိုကောင်းနိုးရာရာလေး အကုန်ရောင်းပေးတယ် ” လို့ ဖိုးဖြူ က MC သို့ပြောပါတယ်။




#MyanmarCelebrity #PhoePhyu #WarMal

Related Posts

Scroll to top