ကျောက်ကပ်ဝေဒနာခံစားနေရပေမယ့် သီချင်းတွေဖန်တီးဦးမှာပါ - စိုင်းဆိုင်မောဝ်



ရှမ်းတိုင်းသားအဆိုတော် စိုင်းဆိုင်မော်ဝ် က ကျောက်ကပ်ရောဂါ ခံစားနေပေမယ့် သီချင်းတွေသီဆိုဖို့ ဆန္ဒ̔ရှိပြီး ၊ ဖန်တီးမှုတွေ လုပ်ဦးမှာပါလို့  MC သို့ပြောပါတယ်။






“ဖြစ်တာကတော့ (၂)လ၊(၃) လလောက်တော့ ရှိပြီ။ ကျောက်ကပ်ဖြစ်တာပါ။ ထိုင်းမှာတော့ (၇) ရက်လောက် ပြခဲ့ရတယ်။ စိတ်ပူပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ သီချင်းတွေလည်း လုပ်ဖို့ရှိပါသေးတယ်။ ကျွန်တော် အသက်ကတော့ (၇၀) ရှိပါပြီ။ အကောင့်တုတွေနဲ့ အလှူခံတဲ့ Post တွေတွေ့ရပေမယ့် ကျွန်တော် ဘာမှမပြောချင်ပါဘူး ။ ကျွန်တော့်ဇာတိ ရှမ်းပြည်မှာပဲ ပြန်ပြီးနေမှာပါ   ” လို့ သူကပြောပါတယ်။






သူရဲ့ ရှမ်းသီချင်းတွေဖြစ်တဲ့  ရှမ်းပဲပုတ်လေးကျွန်တော်၊ တောင်ပြာတန်းကသိတယ် ၊ ရိုးရာမပျက်တဲ့မြေ ၊ ရှမ်းရိုးမက အိုးစည်သံ ၊ တောင်ပေါ်သား ၊ တစ်ရွာသားနဲ့ပ၀ါပါး အပါအ၀င် ကျော်ကြားသော တေးသီချင်းများစွာ ဖန်တီးခဲ့တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

By - Myanmarcelebrity


#myanmarcelebrity #saisaingmoa #shansinger #myanmarfamoussinger

Related Posts

Scroll to top