ကာရိုက်တာပီပြင်ဖို့ လိုအပ်ချက်တွေပြောပြခဲ့တဲ့ ၀ါရင့်သရုပ်ဆောင်ထွန်းထွန်းဝင်း



အခုခေတ် အနုပညာရှင်ကလေးတွေ က  ဇာတ်ကားတစ်ကားမှာ ကာရိုက်တာနဲ့ မလိုက်ဖတ်တဲ့ ၀တ်စားဆင်ယင်မှုတွေ ၀တ်နေတဲ့အပေါ် ၀ါရင့်အနုပညာရှင် ထွန်းထွန်းဝင်း က အကြံပေးစကား အခုလိုပဲ  MC သို့ပြောခဲ့ပါတယ်။





“ အဓိကကတော့ အနုပညာကို ရူးသွပ်ဖို့လိုပါတယ်။ ဖြစ်ချင်စိတ်လေးတစ်ခုနဲ့တော့ လုပ်လို့မရဘူး ။ ဒီဇာတ်ကောင်စရိုက် ကို ရူးသွပ်ပြီး လုပ်မှပဲ အောင်မြင်တာ ။ ဒီဇာတ်ကောင်စရိုက်နဲ့ ပက်သက်ပြီး ဘယ်လိုစိတ်ကိုသွင်းရမလဲ ။ အ၀တ်အစား က အစ ငါဘယ်လိုပုံစံ ၀တ်ရမလဲဆိုတာ ၊ အဲ့လို စိတ်ဓာတ်ရော ၀တ်မယ့် အ၀တ်အစားတွေကိုပါ ပြင်ဆင်ပြီးတော့ ရိုက်မှပဲရတာ။ အခုခေတ်ကလေးတွေ က မှားတာဘာလဲဆိုတော့ ဇာတ်ကား က ဘယ်အခန်းရိုက်မယ်မှန်းမသိဘူး။ သူတို့ ရိုက်ဖို့ အ၀တ်အစားတွေကို ထည့်ပြီးသား ။ ရိုက်တဲ့အခါကျတော့လည်း သူတို့ဝတ်ချင်တာ သူတို့ဝတ်တာ ။ ဇာတ်ကားနဲ့ မဆီလျော်တဲ့ ဝတ်စားဆင်ယင်မှု မျိုးတွေပေါ့ ။ ကလေးတွေ က အိုက်တင် လုပ်တာ ဒါရိုက်တာသင်လိမ့်မယ်။ ၀တ်စားဆင်ယင်မှု က ကိုယ်ဝတ်ချင်တာ ၀တ်မယ်ဖြစ်ကုန်တာပေါ့ ။  ၀တ်စားဆင်ယင်မှုတွေ ဂရုစိုက်ကြပါ ။ သိပ်မလှချင်ပါနဲ့ လို့ပြောချင်ပါတယ် ” လို့သူကပြောပါတယ်။


By Myanmar Celebrity
#myanmarcelebrity  #htunhtunwin

Related Posts

Scroll to top