၂၀၁၈ - ၂၀၁၉ ရိုက်မယ့် အနုပညာPlanအကြောင်း ပြောပြတဲ့ နေတိုး



သရုပ်ဆောင် နေတိုး က (၂၀၁၈)  နဲ့  (၂၀၁၉) ခုနှစ် မှာ ရိုက်ကူးဖို့လက်ခံထားတဲ့  ရုပ်ရှင်ဇာတ်ကားတွေ ကွာခြားတဲ့အကြောင်းနဲ့ပတ်သက်ပြီး  MC သို့ပြောပြခဲ့ပါတယ်။





“ ၂၀၁၉  ဆိုရင် ကျွန်တော် (၇)ကား ၊ (၈) ကားလောက်ပဲ ရိုက်တော့မှာပါ  ။ ၂၀၁၈ ထဲမှာဆိုရင် လက်ရှိ လက်ခံထားတဲ့ ဇာတ်ကားတွေကို ရိုက်ပေးနေရတာပေါ့။ ၂၀၁၉ ထဲမှာဆိုရင်တော့ Contrast  တစ်ခုနဲ့ သေချာပြင်ဆင်ပြီး ရိုက်ရမယ့် ပုံစံလုပ်လိုက်တယ် ။ ၂၀၁၈ ထဲမှာလည်း ကျွန်တော် ပုံမှန်ရိုက်ကူးနေကျ ဇာတ်ကားပုံစံမျိုးထဲကမှ ကျွန်တော်တို့က ဇာတ်လမ်း ၊ ဇာတ်အိမ် တည်ဆောက်မှုပုံစံ အားကောင်းတဲ့ဘက်ကိုပဲ ရွေးချယ်ထားတယ်။ ၂၀၁၉ ကျတော့ Presentation ဦးစားပေးတဲ့  အရမ်းကို High Budget သုံးပြီး ရိုက်ရတဲ့ ဇာတ်လမ်းတွေကို ရိုက်မယ်။ ၂၀၁၈ နဲ့ ၂၀၁၉  ပုံစံလေးက မတူဘူးပေါ့ ။ ၂၀၁၈ ထဲမှာ အနုပညာအင်အားကောင်းတဲ့ ကာရိုက်တာမျိုးတွေ ကိုယ့်ကိုကြည့်ရမယ့်အချိန်မှာ ပရိသတ်က  ကျေနပ်နိုင်မယ့် ပုံစံမျိုးတွေပါမယ်။ ၂၀၁၉  ကျတော့ ဇာတ်ကားတစ်ကားလုံးမှာ ကျွန်တော်က ၄၀ ရာခိုင်နှုန်းလောက်ပဲ ပါရင်ပါမယ်။ ဒါပေမယ့် ဒီဇာတ်ကားကို တည်ဆောက်ထားတဲ့ ပုံစံကတော့ High Budget နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းပုံစံအမျိုးအစားပါပဲ ။ ၂၀၁၈ နဲ့ ၂၀၁၉  ကတော့ ရိုက်ချင်တဲ့ ပုံစံလေးတွေ အဲ့လိုခွဲထားတယ်  ”   လို့ အနုပညာ Plan ကို နေတိုးကပြောပြပါတယ်။


By Myanmar Celebrity




#myanmarcelebrity #naytoe

Related Posts

Scroll to top