သူဆာနေလို့ စားမယ့်ဌက်ပျောသီးကျွေးလိုက်တာပါ - မြန်မာပြည်သိန်းတန်




“ ဌက်ပျောသီးကျွေးတာ က တမင်ဖန်တီးတာ မဟုတ်ပါဘူး ။ အန်ကယ်တို့ ဒိုင်(၄)ယောက်လုံး က ရိုက်ကူးရေးလုပ်တဲ့အခါမှာ ဆက်တိုက်ပဲ ။ နည်းနည်းလေး နားဖို့အချိန်ရပေမယ့် ပင်ပန်းတာတော့ ရှိတာပေါ့ ။ တစ်ခါတစ်လေ ဗိုက်ဆာရင် မုန့်တွေချထားတယ်။ ခုံအောက်မှာ ။ ကင်မရာကျတော့ မမြင်ရဘူးလေ။ အန်ကယ်က အားလပ်ချိန်လေး မှာ ဒီဌက်ပျောသီးလေး အရေးပေါ် စားမယ်လုပ်ထားတာ ။ အဲ့တော့ ဒီပြိုင်ပွဲဝင် ကလေးလေး က ၀င်လာတယ်။ သူကလည်း အကြာကြီး အပြင်မှာလည်းစောင့်နေရတော့ ဆာနေတာ နဲ့ တိုက်ဆိုင်နေတာပေါ့ ။ သီချင်းစဆိုနေတော့ ဆိုလို့မရဘူး ၊ သူက ဗိုက်စာနေတော့ ။ သိမ်းထားတဲ့ ဌက်ပျောသီးလေးကို နည်းနည်း ဆာနေတဲ့သူ့ကို ကျွေးလိုက်တာ ။ သူလည်း စားရရင် အားဖြစ်ပြီး အကျိုးရှိမယ် တွေးပြီး ချက်ချင်းပဲကျွေးဖြစ်တာ ။ ရေကလည်း အဆင်သင့်ရှိတော့ ရေလေးပါတိုက်လိုက်တာလေး လုပ်ဖြစ်တာပေါ့ ”လို့ မြန်မာပြည်သိန်းတန် က MC သို့ပြောပါတယ် ။

By Myanmar Celebrity




#MyanmarCelebrity #MyanmarPyiThainTan

Related Posts

Scroll to top