ဒါရိုက်တာတစ်ယောက်အဖြစ် သားလေး ကိုမြင်ရတာကျေနပ်တယ် - မေသန်းနု


 " " Look At Me" ဇာတ်လမ်းလေး က မိသားစု ပုံစံလေးပါပဲ ။ မိဘတွေ အဆင်မပြေတဲ့ အခါ ဒီကလေး က စိတ်ဒဏ်ရာ ရသွားတာပေါ့ ။ ကလေးတစ်ယောက်ရဲ့ ခံစားချက် ကို ရိုက်တာ ။ ဒရမ်မာဇာတ်ကားလေးပါပဲ ။ ဒီဇာတ်ကားထဲမှာ သားသား ရဲ့ ခံစားချက် တစ်စိတ်တစ်ဒေသတော့ ပါတာပေါ့ ။ ငယ်ငယ်တုန်း က သူခံစားခဲ့တဲ့ အရာလေးတွေကို ထည့်ရိုက်တာ ။ သားလေးကိုလည်း ကျေနပ်ပါတယ်။ အဓိကကတော့ သူရိုက်တဲ့ ရိုက်ချက်တွေ က အသေးစိတ်လေးတွေ ရိုက်တာများတယ် ။ သူဖြစ်ချင်တာလေးတွေကို ဖြစ်သလို မရိုက်တာတော့ သေချာတယ်။ သူကလည်း နည်းနည်း ဂျီးများတယ်လေ။ ကိုယ်တောင်ဇာတ်ကားတွေ အများကြီးရိုက်ခဲ့တဲ့ သူတောင် သူရိုက်မယ်ဆိုတော့ ထပ်ခါတစ်လဲလဲ ပြန်ရိုက်ပေးရတယ်" လို့ သရုပ်ဆောင် မေသန်းနု က MC သို့ပြောပါတယ်။

By Myanmar Celebrity





#MyanmarCelebrity #MayThanNu


Related Posts

Scroll to top