မိဘနဲ့ဝေးပြီး ရပ်တည်နေသူတွေအတွက် အိမ်စည် ရဲ့ အကြံပေးစကား




“မိသားစု နဲ့ စုံစုံလင်လင်နေရတဲ့ သူရှိသလို ၊ မနေရတဲ့သူလည်း ရှိတယ်။မနေရတဲ့သူတွေကျတော့ အခက်ခဲတွေရှိတဲ့အခါ နည်းနည်း စိတ်ဓာတ်ကျတတ်တာလေးရှိတယ်။ အိမ်စည်ကတော့ စိတ်ဓာတ်မကျပါနဲ့ လို့ပြောချင်တယ်။ အရာအားလုံး က ကိုယ်သွားချင်တဲ့လမ်းကို လျှောက်လှမ်းပါ ။ အချိန်ကျလို့ ရင့်ကျက်လာရင် ဒီအခက်ခဲတွေ က ဘာမှစိတ်ပူစရာမလိုတော့ပါဘူး လို့ပြောချင်ပါတယ်။ အိမ်စည် ကိုယ့်ကိုကိုယ် အရမ်းရင့်ကျက်နေပြီလို့တော့ မထင်ပါဘူး ။ အိမ်စည် အသက်(၂၅)နှစ်အရွယ် အတွေ့အကြုံလောက်တော့ ဘယ်လိုရင့်ကျက်ဦးမှာလဲ ။ ဒါပေမယ့် ကိုယ့်အသက်အရွယ် အရ ရင့်ကျက်တယ် လို့တော့ ပြောရင်ရပါတယ်။ အိမ်စည်က ဘာကိုမှ မကြောက်တတ်တော့တာ ။ ကိုယ်လုပ်ရင် ကိုယ်ဖြစ်တယ်ဆိုတဲ့ စိတ်ရှိတယ်။ ရောက်တဲ့နေရာမှာ တွေ့တဲ့သူနဲ့ အေးအေးဆေးဆေးပေါင်းသင်း ဆက်ဆံတတ်သွားတယ် ” လို့ သရုပ်ဆောင်၊ အလှမယ် ရွှေအိမ်စည် က MC သို့ပြောပါတယ်။

By Myanmar Celebrity






#MyanmarCelebrity #ShweEainSi

Related Posts

Scroll to top