စိန့်မေရီဘုရားကျောင်း မှာ ကလေးတွေနဲ့အတူ မွေးနေ့ ကို ဖြတ်သန်းခဲ့တဲ့ အေးသောင်း



 သရုပ်ဆောင် အေးဝတ်ရည်သောင်း က သူမရဲ့ အသက် (၃၄)နှစ်ပြည့် မွေးနေ့အမှတ်တရ အဖြစ် မေလ (၂၇) ရက်နေ့ က ရန်ကုန်  ၊ စိန့်မေရီဘုရားကျောင်း မှာ ကျိုက်ဝိုင်းမသန်စွမ်းကျောင်း ၊ ကျိုက်ဝိုင်းမိဘမဲ့ဂေဟာ နှင့် မေရီချက်မင်းကျောင်း မှ  ကလေးငယ်များ ဖြင့် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ပါတယ် ။



" ဒီနှစ်က မွေးနေ့၊ မွေးရက် တိုက်တယ်။ နှစ်တိုင်းက ဘုန်းကြီးကျောင်းမှာ အလှူလုပ်နေကြ ဆိုတော့ ဒီနှစ်ထူးထူးဆန်းဆန်းလေးဖြစ်အောင် ဘုရားကျောင်းပဲလှူဖြစ်တယ်။ ကိုယ်လှူချင်တဲ့ကျောင်းတွေ အကုန်လုံးကိုလည်း ဒီနေရာကိုပဲ ဖိတ်လိုက်တာပါ ။ ထူးထူးခြားခြားသူတို့အတွက် အစီစဉ်လေးတွေလည်း လုပ်ပေးဖြစ်ပါတယ်  " လို့ သရုပ်ဆောင် အေးဝတ်ရည်သောင်း က MC သို့ပြောပါတယ်။













#MyanmarCelebrity #AyeThaung

Related Posts

Scroll to top