ဇွန်လ (၃) ရက်နေ့မှာ စရိုက်ကူးမယ့် "ဧည့်သည်" ရုပ်ရှင်ဇာတ်ကား ရဲ့ ကန်တော့ပွဲပေးပွဲ


7th Sense Film Production မှ ထုတ်လုပ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွန်း မိုးနီလွင်၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးမည့် "ဧည့်သည်" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲ ပေးအခမ်းအနားကို ဒီကနေ့ ဇွန်လ(၁)ရက်နေ့က ရန်ကုန်၊ ရွှေတိဂုံဘုရားတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦး၊ ဖြိုးငွေစိုး နှင့် အခြားအနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

By - MyanmarCelebrity



"ဒီကားလေးကို (၃)ရက်နေ့ဆို စရိုက်ပါပြီ။ ဒီကားအတွက် ကြိုတင်ပြင်ဆင်မှုတွေ အကုန်လုပ်ထားပြီပြီ။ ညီမကတော့ ကိုယ့်အလုပ်အပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်။ ကောင်းတာ၊ ဆိုးတာကို တစ်ဖွဲ့သားလုံးခံစားသွားမှာမို့ စိတ်ပူတာမျိုးတော့မရှိပါဘူး။ ညီမရဲ့ ကာရိုက်တာက ဆန်းတယ်၊ လုပ်နေကျမဟုတ်တဲ့ပုံစံမို့ အဆန်းလေးဖြစ်မှာပါ" လို့ ရွှေမှုံရတီက MC ကိုပြောပါတယ်။





#MyanmarCelebrity #ShweHmoneYadi #ShweHtoo #PhyoNgweSoe #NayChiOo

Related Posts

Scroll to top